China News

0 0
Read Time:7 Minute, 52 Second

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိခရီးစဉ်နဲ့ ဆက်စပ် သုံးသပ်တင်ပြချက်

 

D Day News

ဩဂုတ်လ ၁၃

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အကြမ်းဖက်စစ်ကောင်စီတပ်ဌာနချုပ်ရှိရာ နေပြည်တော်သို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံ အကြမ်းဖက်စစ်ကောင်စီဌာနချုပ်ရှိရာ နေ ပြည်တော်၌ မဲခေါင် – လန်ချန်း အစည်းအဝေးကျင်းပရန်ရှိပြီး အဆိုပါ အစည်းအဝေးသို့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းအစည်းအဝေးနှင့်အတူ အကြမ်း ဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံဖွယ်ရှိနိုင်ကြောင်း သုံးသပ်ရသည်။

 

မစ္စတာဝမ်ယိ၏ ခရီးစဉ်သည် တရုတ် -မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနီးသော သံယောဇဉ်ကို ခိုင်ခံစေကာ တရုတ် -မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုထားသည်။

ယခုရက်ပိုင်းကာလအတွင်း၌ပင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံ မဘသများ၊ ထောက်ခံသူများ၊ ဝန်းရံသူများက တရုတ်လူမျိုးများ ဆန့်ကျင်ရေး ဆိုင်းဘုတ်များကိုင် ဆောင် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်ပွဲများ လုပ်ဆောင်မှုရှိခဲ့ပြီး တရုတ် – မြန်မာချစ်ကြည် ရင်းနီးမှုကို ဖျက်ဆီးရန်ကြိုးစားမှုရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် ချစ်ကြည်ရင်းနှီး သော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြု သည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေး ခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု ပြောဆိုနေသော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မင်းအောင်လှိုင်စစ်တပ်ကြားတိုက်ပွဲအတွင်း ဟိုင်ဂင်သဘော တူညီချက်ဟု အတင်းအကြပ်ဖိအားပေးရပ်ခိုင်းခဲ့သဖြင့် ပထမတစ်ကြိမ်ရပ်စဲ ခဲ့ရသေးသည်။

 

ထိုသို့ ရပ်စဲခဲ့သော်လည်း မင်းအောင်လှိုင်၏ ကတိမတည်လေကြောင်းဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းပြန်စလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် – ရမခအပါအတင် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့်မြို့ များ ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထက်မံသိမ်းပိုက်ရရှိခဲ့သည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်အပေါ် တောင့်ခံနိုင်ခြင်းမရှိသော မင်းအောင်လှိုင်စစ်တပ်သည် MNDAA ကို တရုတ်လူမျိုးများအဖြစ် စွပ်စွဲကာ ကျူးကျော်စစ်ပုံစံဖန်တီးရှုတ်ချဆန္ဒပြပွဲများပြုလုပ်ခဲ့ ပြီး မြန်မာပြည်ဖွားတရုတ်မျိုးနွယ်များအပါအဝင် တရုတ်-မြန်မာချစ်ကြည်ရေးကို မင်းအောင်လှိုင်က ဖျက်ဆီးပြခဲ့သည်။

 

ထို့အပြင် ဩဂုတ်လ ၉ ရက်နေ့က ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် AFP သတင်းဌာနမှ သတင်းထောက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့ရောက်ရှိခဲ့သည် ဟု မြန်မာနိုင်ငံ အစိုးရမီဒီယာက သတင်းဖော်ပြခဲ့ကြောင်း၊ ယင်းမတိုင်မီတွင် မြန်မာနိုင်ငံ အစိုးရ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျရှုံးခဲ့သည်ဟု သိရှိခဲ့ရကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပါ ခရီးစဉ်ကို အတည်ပြုနိုင်ပါသလား။ အခြားသတင်းအချက်အလက်များ ထပ်မံပြောကြားပေးနိုင်ပါသ လား။ ထို့ပြင်မူလကကြာသပတေးနေ့တွင် တရုတ်နိုင်ငံ၌ နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေး ဆွေး နွေးမှု ကျင်းပ၍ မြန်မာနိုင်ငံအစိုးရနှင့် “ညီနောင်မဟာမိတ်သုံးဖွဲ့” အား ညှိနှိုင်းပေးရန် စီစဉ်ထား သော်လည်း အစိုးရဘက်က တက်ရောက်ရန် လူမစေလွှတ်ဟု သိရှိရကြောင်း၊ တရုတ်နိုင်ငံဘက်က အဆိုပါကိစ္စကို အတည်ပြုပေးနိုင်ပါသလား။ဟု မေးမြန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ထုတ်ပြန်ခဲ့သည်။

 

ယင်းထုတ်ပြန်ချက်သည် ယခုမစ္စတာဝမ်ယိ၏ ခရီးစဉ်နှင့် ပတ်သက်ဆက်မှုရှိပြီး တရုတ်နိုင်ငံ ခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ms. Mao Ning က AFP သတင်းဌာန၏ ဖြေကြားချက်ကို ဆက် လက်ဖော်ပြထားသည်။

 

အထက်ပါမေးမြန်းမှုကို ဖြေကြားရာတွင် “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြောင်းလဲ လာ မှုကို အမြဲတစေ များစွာဂရုပြုလျက် ရှိ ကြောင်း၊ မြန်မာနိုင်ငံ၌ စစ်ပွဲဖြစ်ပွားသည်ကို မိမိတို့ မတွေ့ မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံမြောက်ပိုင်းဒေသ အခြေအနေဆောလျင်စွာ ပြန်လည် တည်ငြိမ်လာစေရန် မျှော်လင့်ပါကြောင်း၊ မိမိတို့သည် အမြဲတစေ မိမိတို့၏နည်းလမ်းဖြင့် မြန်မာနိုင်ငံ ဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿ နာကိုဖြေရှင်းကာ အမျိုးသားစည်းလုံး ညီ ညွတ် ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင် လျက်ရှိကြောင်း၊တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဆွေးနွေး ရန် ဆက်လက်တက်တက်ကြွကြွတို က်တွန်း သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း” ဖြေကြားထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *