Yinmarbin News

0 0
Read Time:2 Minute, 33 Second

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ(ပျူ)စခန်းကို ဝင်ရောက်တိုက်ခိုက်၊ ကျည်မလုံလောက်မှုကြောင့် စခန်းသိမ်းပိုက်ရရှိခါနီးမှ ပြန်ဆုတ်ခဲ့ရ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၂

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ (ပျူ)စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း တစ်ခု လုံးနီးပါးကို စီးနင်းနိုင်ခဲ့ပြီး သိမ်းပိုက်ရရှိခါနီးမှ ကျည်မလုံလောက်သဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း ULF (စစ်ကြောင်း) က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၇ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေးရွာမ (ပျူစ ခန်း) ULF (စစ်ကြောင်း)နှင့် မဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး စခန်းတစ်ခုလုံးနီးပါးကို စီးနင်းနိုင်ခဲ့ကာ ခဲယမ်း၊ ကျည်မလုံ လောက်မှုကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် ပြည်သူ့စစ် အင် အား ၁၀၀ ခန့် (၃) နှစ်ကျော် အထိုင်ချထားသော စခန်းတစ်ခုဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိကာ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်၊ အောင်ဇေယျကုန်းမှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် အမြောက်အများ ပစ်ကူပေး တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ULF(စစ်ကြောင်း)မှ စစ်ကြောင်းမှူး ကိုမင်း ဦးစီး၍ BLDF၊ ဗျူဟာ (၄၆) ယင်း မာပင်ခရိုင်တပ်ရင်း (၁၈၊၂၅၊၃၀၊၃၂)၊ ဗျူဟာ (၄၇) ယင်းမာပင်ခရိုင်တပ်ရင်း (၂၇၊၃၃၊၃၄၊၃၅၊၃၆)၊ ဗျူ ဟာ (၄၅) ယင်းမာပင်ခရိုင်တပ်ရင်း (၂၁၊၂၂၊၂၃)၊ မုံရွာခရိုင်တပ်ရင်း(၂၀၊၂၃)၊ B 21၊ ဘုတလင်ကျောင်း သားလက်ရုံးတပ်တော် (SAF)၊ ကနီမြိုနယ် (ပကဖ) ၊ ဘုတလင် မိုဘိုင်း၊ ရတနာပုံ တပ်ဖွဲ၊ Salingyi GZ ၊ BED ငညို၊ SSTF၊ ဒေါင်းလုလင်၊ Shadow နှင့် Chindwin Brother၊ ကိုမင်းနိုင် (ပကဖ) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၆ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *