Thayet News

0 0
Read Time:2 Minute, 1 Second

သရက်မြို့နယ်၊ တွင်းလည်ရွာဘုရားကုန်းအနီးတပ်စွဲရန်ပြင်ဆင်နေသည့် စစ်ကြောင်းကို မိုင်းခွဲတိုက် ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၁၂

 

မကွေးတိုင်း၊ သရက်မြို့နယ်၊ တွင်းလည်ရွာဘုရားကုန်းအနီးတပ်စွဲရန် ပြင်ဆင်နေသော စစ်သားများ ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရ သည်။

 

ယမန်နေ့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်တွင် သရက်မြို့နယ်၊ တွင်းလည် ကျေး ရွာရှိ ဘုရားကုန်းအနီးတပ်စွဲရန် သရက်မြို့နယ်၊ ကပစ ၁၂ မှ အင်အား ၅၀ ခန့်ဖြင့် ရောက်ရှိလာ သည့် အကြမ်းဖက်စစ်သားများကို ၎င်းတို့တပ်စွဲမည့် ဘုရားကုန်း၌ အသင့်ပြင်ဆင်ထားသော အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ် ရာရရှိသူများတွင် ၃ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကပစ ၁၂ ထဲသို့ ပြန်သယ်သွားကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့ ပူးပေါင်းစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သရက်မြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သတင်းအချက်အလက်နှင့် ထောက်ပို့ ရေးဆိုင်ရာများ ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာ အနီးရှိ ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့ပြီး ဒေသနေအပြစ်မဲ့ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *