တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာချောင်းဖျားသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
D Day News
ဩဂုတ်လ ၁၂
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာချောင်းဖျားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ် ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။
ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီး၊ တမုတ်ချုံးချောင်းဖျား သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တပ်ဖွဲ့ဝင်များမှ နံနက် ၅ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင် တစ် ကြိမ်နှင့် နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ၃ ကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်သည့် နေရာအား နယ်မြေရှင်းလင်းစဉ် သွေးအိုင်များ အများအပြားကျန်ရှိခဲ့ပြီး ကျည်ဆံအချို့နှင့် ကျည် ဘောက် ၂ ခုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ အဖွဲ့ဝင် များဖြစ်သည့် တနင်္သာရီပကဖဇုန် ၄ တောင်ပံနီ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ကာကွယ်ရေးပြောက် ကျား၊ ရိုးမ၊ တောဗုံးကြီး၊ ကျွန်းစုပကဖ၊ တိုင်းပကဖလုံခြုံရေးနှင့် ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
D Day News