NUG News

0 0
Read Time:5 Minute, 1 Second

မြန်မာပြည်သူများ၏ စိတ်ဓာတ်နှင့်ဆန္ဒပြင်းပြမှုကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်သည်ဟု NUG ဝန်ကြီးချုပ်ပြော (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၂

 

မြန်မာပြည်သူများ၏ စိတ်ဓာတ်နှင့်ဆန္ဒပြင်းပြမှုကြောင့် တော်လှန်ရေးအောင်မြင်နေခြင်းဖြစ် ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝိုင်းခိုင်သန်းက ပြောကြားသည်။

 

ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် “ပြည်သူသို့ အောင်စကား” ဝိုင်းအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျနော်တို့ တော်လှန်ရေးစတုန်းက သုညနဲ့ စခဲ့ရတာ။ နိုင်ငံတကာက စစ်ပွဲတွေ၊ တော်လှန်ရေးတွေ သုံးသပ်တဲ့ပညာရှင်တွေက ကျနော်တို လုံးဝ မနိုင်နိုင်ဘူးလို ဆိုခဲ့ကြတာ။ ဘာလိုဆို ဟိုဘက်မှာက လက်နက်အပြည့်အစုံရှိတယ်။ အင်အားစုံရှိတယ်။ ကျနော်တို့မှာက ဘာမှ မရှိတဲ့အချိန်။ အပ်တို တ ချောင်းတောင် မရှိတဲ့အချိန်။ သူတို သုံးသပ်ချက်က မှားသလားဆိုတော့ ….. သူတို့သုံးသပ်တာက ကျနော်တို့နိုင်ငံနဲ့ မဟပ်စပ်ဘူး။ သူတို့ကတော့ ရုပ်ဝတ္ထုပစ္စည်းတွေပေါ် မူတည်ပြီး သုံးသပ်တာပေါ့။ ကျနော်တို့ဘက်မှာက ရုပ်ဝတ္ထုပစ္စည်းမရှိဘူး။ မှန်တယ်။ ဒါပေမဲ့ ကျနော်တို ပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်နဲ့ ဆန္ဒကို သူတို မထည့်တွက်ဘူး။ အခု အောင်မြင် တာလည်း ပြည်သူတွေရဲ့ စိတ်ဓါတ်နဲ့ ဆန္ဒတွေ ပြင်းပြလွန်းလို အောင်မြင်မှုရနေတာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။

 

ပြည်သူလူထုတစ်ရပ်လုံးသည် အကြမ်းဖက်စစ်ကောင်စီကို ကြောက်ရွံ့ခြင်းမရှိတော့ကြောင်း၊ ထို့ အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်သည်လည်း ချီးကျူးစရာကောင်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီအချိန်မှာ ကျနော်တို ပြည်သူတွေက မကြောက်တော့ဘူး။ သမ္မတကြီး ပြောသွားသလိုပဲ ပြည်သူ တွေက ဘာမှ မရှိတော့ဘူး။ ဆက်တိုက်ပါ ဆိုတာမျိုး။ ပြည်သူတွေက မကြောက်တော့တဲ့အပြင် ပိုပြီး မုန်းတီး နာကျည်းသွားတော့ စစ်ကောင်စီ ပိုပြီး ပျက်သုဉ်းသွားတာ ဖြစ်တယ်။ အောင်ပွဲတွေဟာ ပြည် သူတွေရဲ့အောင်ပွဲတွေ ဖြစ်ပါတယ်။ဒီအောင်မြင်မှုရတာရဲ့ PDF လေးတွေရဲ့ စိတ်ဓါတ်ကိုလည်း ပြည် သူ တွေကို သိစေချင်ပါတယ်။ ဒါကလည်း ကျနော်ကိုယ်တိုင် သိရှိလာလို့ ဖြစ်ပါတယ်။ PDF တွေရဲ့ စိတ်ဓါတ်က အရမ်းကို ချီးကျူးစရာကောင်းတယ်။ ကျနော်ကိုယ်တိုင် PDF စစ်ကြောင်း တခုရဲ့ သင် တန်းဆင်းပွဲတခုကို တက်ရောက်ခဲ့ပါတယ်။ ဆောင်းတွင်း ကာလကြီး အရမ်းချမ်းတာမှာ မီးလှုံတာတောင် အချမ်းက မပျောက်နိုင်ဘူး။ ဒါပေမဲ့ PDF လေးတွေ သစ်ပင် တစ်ပင်နဲ့ တပင်မှာ ပုခက်ချိတ်ပြီး ဒီအတိုင်း အိပ်စက်နေကြရတယ်။ တချိုဆို မြေပြင်ပေါ် မြက်ဖျာလေးတွေ ခင်းပြီး အိပ်နေကြတာ အတော် စိတ်မကောင်းစရာ တွေ့ခဲ့ရတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင် သန်းက ပြောဆိုသည်။

 

ထိုသို့နေထိုင်ရသော်လည်း စိတ်ဓာတ်လုံးကျခြင်းမရှိကြောင်း၊ အနေအစားဆင်းရဲသော်လည်း အ ကြမ်းဖက်စစ်ကောင်စီပြုတ်ကျရမည်ဆိုသည့် စိတ်ဓာတ်ဖြင့်တော်လှန်နေကြောင်း ပြည်ထောင်စုဝန် ကြီးချုပ်က ဆက်လက်ရှင်းပြသည်။

 

“ဒါပေမဲ့ သူတို့ အမူအရာ သူတို့ မျက်နှာ လုံးဝ စိတ်ဓါတ်ကျတဲ့ အနေအထားကို မမြင်ခဲ့ရဘူး။ သူတို့ အစားဆင်းရဲမယ်၊ အနေဆင်းရဲမယ်။ သူတို့ ဒါတွေကို မမှုပါဘူး။ သူတို့ဟာ အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျရမယ်ဆိုတဲ့ စိတ်နဲ့ကို တော်လှန်နေတာ။ အဲ့အချိန်မှာ သူတို ဘာအခွင့်အရေးရှိလဲ၊ ဘာအခွင့် အရေးမှ မရှိဘူး။ စားတာတောင်မှ ချိုချိုငဲ့ငဲ့ စားရတယ်၊ အနိုင်နိုင် စားရတယ်။ နေတာဆိုလည်း ဖြစ် သလိုပဲ နေရတယ်။ ဒါပေမဲ့ သူတို့ စိတ်ဓါတ်မကျဘူး။ အကြမ်းဖက် စစ်ကောင်စီ မြန်မာပြည် မြေပုံက ပျောက်ရမယ်ဆိုတဲ့ ခံယူချက်ပြင်းပြင်းနဲ့ ဆောင်ရွက်နေတာတွေ့ရလို ကျနော် ကိုယ်တိုင်လည်း အား တက်သွားတယ်။ လူငယ်လေးတွေတောင် လုပ်နေတာ ငါတို့ ဘာလို့ မလုပ်နိုင်ရမှာလဲဆိုတဲ့ ခွန် အားလည်း ပြန်ရစေပါတယ်။” ဟု ၎င်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *