Myinmu News

0 0
Read Time:2 Minute, 38 Second

မြင်းမူမြို့နယ်တွင် ခရီးသည်တင်ကား ၂ စီးဖြင့် လိုက်လာသော စစ်သားများ ကို တိုက်ခိုက်မှု ၁၅ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၂

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာကြားတွင် ခရီးသည်တင်ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သားများကို တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Blcak Eagle Defene Force – MMU ထံမှ သိရသည်။

 

ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ခရီးသည်တင် – Express ကား ၂ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၆၀ ခန့်ကို မြင်းမူမြို့နယ်၊ မုံရွာ -မန္တ လေး လမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာကြား အရောက် လက်နက်ငယ် မျးဖြင့် ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃၀ ခန့် အပြင်း အ ထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ပထမဆုံးခရီးသည် ကားမှာ မီတာ ၁၀၀ ခန့်အကွာအဝေးအရောက် ထိုးရပ်သွားပြီး ကားပေါ်ပါ ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားများမှာလည်း အော်ဟစ်ညည်းညူ နေသည်ကို ကြားသိခဲ့ရကြောင်း Blcak Eagle Defene Force – MMU မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

“မုံရွာဘက်ကနေ စစ်ကိုင်းဘက်ကို လာတာ။ စစ်မှု ထမ်းသင်တန်းအသစ်တွေကို စစ်ကိုင်း၊ မန္တလေး ဘက်ကို သွားပို့ဖို့လို့ သိထားတယ်။ ထိ တာကတော့ ၂ စီးလုံးထိတာပဲ။ ပထမဆုံး မဟာနွယ် Express ကားကတော့ မီတာလောက်အကွာ မှာထိုးပြီးရပ်သွားတယ်။ ကားကတော့ လမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်တပ် စခန်းထဲကို ရောက်သွားတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ စစ်ကိုင်းပို့လိုက်တယ်လို့ ကြား တယ်။ “ ဟု Blcak Eagle Defene Force – MMU မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ်ပကဖ)မှ ဦးဆောင်ကာ မြင်းမူမြို့နယ် ပလဖ နှင့် Black Eagle Defece Force – MMU တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရရှိခဲ့ပြီး ကျန်ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *