Mandalay News

0 0
Read Time:3 Minute, 58 Second

မန္တလေးတိုင်းစစ်ဆင်ရေးအတွင်း ရည်မှန်းထားသော စစ်ရေးပစ်မှတ် ၈၀ ရာခိုင်နှုန်းကို အောင်မြင်မှု ရရှိ၊ ပူးပေါင်းပါဝင်ကြသည့် မိတ်ဖက်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၁၂

 

မန္တလေးတိုင်းစစ်ဆင်ရေးအတွင်း ရည်မှန်းထားသော စစ်ရေးပစ်မှတ် ၈၀ ရာခိုင်နှုန်း အောင်မြင်မှု ရရှိ ထားပြီဖြစ်ပြီး ပူးပေါင်းပါဝင်ပေးကြည့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

 

ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ နှင့်အတူ ရှမ်းမန်း စစ်ဆင်ရေးကို ဟန်ချက်ညီညီတိုက်ပွဲဖော်ဆောင်ခဲ့ရာ ယခုအခါ ရည်မှန်းထားသော စစ်ရေးပစ်မှတ်များ၏ ၈၀ ရာခိုင် နှုန်းခန့်ကို ပေါက်မြောက်အောင်မြင်အောင် ဖော်ဆောင်ထားနိုင်ပြီဖြစ်ကြောင်း၊ ထို့သို့စစ်ဆင်ရေးများ ကို အောင်မြင်စွာဖော်ဆောင်နိုင်ခြင်းသည် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့ များ၏အခန်းကဏ္ဍသည် အရေးပါသော နေရာမှ ပါဝင်နေကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ ဟန်ချက်ညီညီ ပူး ပေါင်း ထိုးစစ်ဆင်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီသည် အထိနာကျရှုံးမှုများ ရင်ဆိုင်ရလျက် ရှိပြီး မိမိတို့ အနေဖြင့် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နှင့် စဥ့်ကူးမြို့နယ်များအပါအဝင် နယ်မြေအ များ အပြားကို သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

 

သို့ဖြစ်ပါ၍ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် “ ၁၀၂၇ စစ်ဆင်ရေး အ ပိုင်း (၂) ” နှင့် “ရှမ်းမန်း စစ်ဆင်ရေး” တို့တွင် ပူးပေါင်းတိုက်ပွဲဝင်နေသော မိတ်ဖက်တော်လှန်ရေး တပ်ဖွဲ့များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း နိုင်သည်အထိ ဆက်လက် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ထုတ်ပြန်အပ်ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန် ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်တည်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အ မြစ် ပြတ်ချေမှုန်။ ရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းဖြစ်သည်။

 

ကျောက်ဆည်ခရိုင်တပ်ရင်း (၁)၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၂) ၊ မြင်းခြံခရိုင်တပ်ရင်း (၄)၊ မတ္တရာ မျိုးမှန်တပ်ဖွဲ့ ၊ ညောင်ဦးခရိုင်တပ်ရင် (၃) ၊ ရွှေဘိုခရိုင်တပ်ရင်း (၇)၊ ရွှေဘိုခရိုင်တပ်ရင်း (၈) ၊ ရွှေဘို ခရိုင်တပ်ရင်း (၁၀)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၄)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၆)၊ ရွှေဘိုခရိုက်တပ်ရင်း (၁၈)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၃)၊ ရွှေဘိုခရိုင်တပ်ရင်း (၂၅) ၊ ရွှေဘိုခရိုင်တပ်ရင်း (၂၆) ၊ရေစကြို ဒေါင်းညီနောင်တပ်ဖွဲ့ ၊ ဝက်လက် ဒေါင်းနီတပ်ဖွဲ့ ၊ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တ လုပ် PDF တပ်ဖွဲ့ နှင့် National Liberation Army (NLA) တမူး တပ်ဖွဲ့တို့ဖြစ်ပြီး လက်ရှိ စစ်ဆင်ရေး နှင့်တော်လှန်ရးကို ဆက်လက်ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *