Laung Lone News

0 0
Read Time:2 Minute, 8 Second

လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၌ တပ်စွဲထားသော စစ်သားများကို အလစ်အငိုက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၂

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က လောင်းလုံးမြို့ပေါ်ရှိ လဝက ရုံး၌ ဘန် ကာများတည်ဆောက်ကာ ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက အလစ်အငိုက် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများ လည်းရှိကာ အရေအတွက် အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ -Student Revolutionary Force မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ဘေးကင်းစွာဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့က ထုတ်ပြန်ထား သည်။

 

အလားတူပြီးခဲ့သည့် ဧပြီလ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ယင်းလဝကရုံးဘန်ကာအား ဖက် ဒရယ် ဓူဝံကြယ် တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သေးသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *