ကြို့ပင်ကောက်မြို့နယ်၊ ကြေရာကျေကြောင်းဘုရားအနီး ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရ
D Day News
ဩဂုတ်လ ၁၂
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ကြေရာကြေကြောင်းဘုရားအနီးသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Black Dragon GBK – PDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ကြို့ပင်ကောက်မြို့နယ်၊ အေးရွာ လေးအနီး ရန်အောင်မြင်ဘုရား၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကြေရာကြောင်းဘု ရားဘက်သို့ စစ်ကြောင်းထိုးလာကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ၊ လက် နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း သိရသည်။
“ရန်အောင်မြင်ကျစွာဘုရားကနေ တက်လာတာ။ ကျစွာဘုရားမှာက စစ်သားအင်အား ၅၀ ကျော် မယ်၊ ထပ်ရောက်တာက ၁၅ ယောက်ရှိတယ်။ ပျူစောထီးတွေ အပါဆိုရင် အင်အားက ၁၀၀ ဝန်းကျင် ရှိမယ်။ တိုက်ပွဲဖြစ်ပြီးတော့ အဲဒီရန်အောင်မြင်ကျစွာဘုရားကို ပြန်ဆုတ်သွားတာပါ။ ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့ ကြို့ပင်ကောက်မြို့နယ်ဆေးရုံကိုသယ်သွားတယ်လို့ ကြားမိတယ်” ဟု Black Dragon GBK – PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရန်အောင်မြင်ဘုရား ဘက်သို့ ပြန်လည် ဆုတ်ခွာသွားပြီး ဒဏ်ရာရ စစ်သား ၂ ဦးကို ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း စစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ ၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၂ ၊ တပ်ခွဲ ၆ Black Dragon (GBK PDF) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
D Day News