TNLA News

0 0
Read Time:3 Minute, 4 Second

TNLA ထိန်းချုပ်မြို့နယ် ၁၂ မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နိုင်ရန် ဗဟို၊ ခရိုင်၊ မြို့နယ် တရားသူကြီးများနှင့်ရှေ့နေများကို အခမ်းအနားဖြင့် တာဝန်လွှဲပြောင်းပေး

 

D Day News

ဩဂုတ်လ ၁၁

 

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မန္တလေးတိုင်းအတွင်းရှိ PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ ၁၂ ခု၌ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင် တရားသူကြီးများ၊မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများကို အခမ်းအနားဖြင့် လုပ်ငန်းတာဝန် ခွဲဝေပေးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထံက သိရသည်။

 

ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရားဥပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည် ဗဟို တရားသူကြီး ၃ ဦး၊ ခရိုင်တရားသူကြီး ၄ ဦး၊ မြို့နယ်တရားသူကြီး ၈ ဦးနှင့် ဥပဒေရှေ့နေ ၇ ဦးတို့ထံ သို့ PSLF/TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ကာအလုပ်ခန့်အပ်လွှာကို အ ခမ်းအနားဖြင့် အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားသူကြီးများ၏ အလုပ်နှင့်ရာထူးများခန့်အပ်လွှာ အပ်နှင်းသည့် အခမ်းအနားကိုပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေ တနေရာတွင် ကျင်းပ ခဲ့ခြင်းဖြစ် ပြီး သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြိုနယ်တရားရုံးနှင့် ဥပဒေရုံးတို၏ လုပ်ငန်းတာဝန် များကိုလည်း အသိအမှတ်ပြုခဲ့ကာ ၄င်းတို့အား လုပ်ငန်းနှင့် တာဝန်ရာထူးများခန့်အပ်ခဲ့ကြောင်း သိရသည်။

 

ယင်းအခမ်းနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေ ထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ် တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တွင် PSLF/TNLA ထိန်းချုပ်ထားသည့်မြို့နယ် များဖြစ် သော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့ နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါ မြို့နယ် စုစုပေါင်း မြို့နယ်(၁၂)ခုအတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *