နိုင်ငံတကာက နွေဦးတော်လှန်ရေး နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အထင်မြင်သေးမှုတွေနဲ့အတူ ထိုက်သင့် သည့်ယုံကြည်မှု မပေးခဲ့ဟု NUG ၊ စီမံ/ဘဏ္ဍာပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြော (ရုပ်သံ)
D Day News
ဩဂုတ်လ ၁၁
နိုင်ငံတကာအနေဖြင့် နွေဦးတော်လှန်ရေး စတင်ချိန်တွင် နိုင်မှာမဟုတ်ဘူးဆိုတဲ့ အထင်မြင်သေးမှု တွေနဲ့အတူ ထိုက်သင့်သည့် ယုံကြည်မှု မပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် “ပြည်သူသို့ အောင်စကား” ဝိုင်းအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တော်လှန်ရေးကို စပြီဆိုကတည်းက နိုင်ငံတကာ ကျနော်တို့ကို ထိုက်သင့်တဲ့ ယုံကြည်မှု မပေးခဲ့ပါ ဘူး။ နိုင်ငံတကာအနေနဲ့က ဒီတော်လှန်ရေးသည် နိုင်မှာ မဟုတ်ဘူး၊ နောက်တခုက ကျနော်တို့ လုပ် သမျှ၊ စစ်ရေးပဲဖြစ်ဖြစ်၊ ဘဏ္ဍာရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ကတော့ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ အထင်မြင်သေးမှုနဲ့အတူ ထိုက်တန်တဲ့ ယုံကြည်မှုကို နိုင်ငံတကာက မပေးခဲ့ကြပါဘူး။ ပညာရှင် အ များစုကလည်း အဲ့အတိုင်းပဲ ဖြစ်ပါတယ်။ …. အခုလည်း မယုံကြည်တဲ့သူတွေ ဆက်ပြီးတော့ ရှိနေကြ တယ်။ အဲ့အတိုင်းပဲ ယခင်က မယုံကြည်ခဲ့ပေမဲ့ ယုံကြည်လာတဲ့သူတွေလည်း ရှိနေကြတယ်။ ဒါတွေ ကတော့ သဘာဝကျပါတယ်။ ကျနော်တိုသည် ဘယ်သူယုံယုံ မယုံယုံ အရေးကြီးဆုံးကတော့ ချီးမွမ်း မှုတွေ ရတဲ့အခါ အားတခုတော့ ဖြစ်ရပါတယ်။ ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ပတ်သတ်ရင်လည်း သိပ်ပြီးတော့ ဝမ်းနည်းနေစရာ အားပျက်နေစရာ မလိုပါဘူး။ ကျနော်တို့ သွားနေတဲ့ ပန်းတိုင် ရောက်ခြင်း၊ မရောက်ခြင်းနဲ့သာလျှင် ဒီတော်လှန်ရေးကို အကဲဖြတ်ရမှာ ဖြစ်ပါတယ်။” ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
နွေဦးတော်လှန်ရေးသည် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ တော်လှန်နေခြင်း ဖြစ်ပြီး စစ်ရေးတစ်ခုတည်းသာ စစ်မျက်နှာဟု ပြောဆို၍ မရကြောင်း၊ နိုင်ငံခြားရေးသည်လည်း စစ်မျက်နှာ တစ်ခုဖြစ်သလို ဘဏ္ဍာရေး စစ်မျက်နှာသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ဒီတော်လှန်ရေးဟာ ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ တော်လှန်နေတာ ဖြစ်ပါ တယ်။ စစ်ရေးတခုတည်းတင် စစ်မျက်နှာ တခုတည်းလို ပြောလို မရပါဘူး။ နိုင်ငံခြားရေးဟာလည်း စစ်မျက်နှာတခုကဲ့သို အရေးပါပါတယ်။ နိုင်ငံရေးဟာလည်း စစ်မျက်နှာတခုကဲ့သို အင်မတန် အရေး ကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။ အလားတူပဲ ဘဏ္ဍာရေးကလည်း အဓိကကျတဲ့ စစ်မျက်နှာတခု အနေနဲ့ ရှိပါတယ်။ ဒါ့ကြောင့်လည်း ဘဏ္ဍာရေးစစ်မျက်နှာဆိုတဲ့ စကားလုံးသုံးစွဲမှုအရ သေချာဂရုတ စိုက်ကို သုံးခဲ့တာ ဖြစ်ပါတယ်။” ဟု ဦးတင်ထွန်းနိုင်က ပြောကြားသည်။
ယခုအောင်ပွဲသည် ပြည်သူ့အောင်ပွဲဖြစ်ပြီး ပြည်သူမပါက မည်မျှပင် ခေါင်းထဲ၌ အိုင်ဒီယာ(အကြံ ဉာဏ်) ရှိရှိ အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ပြည်သူသာလျှင် အဓိက ဆို သည်ကို နှစ်နှစ်ကာကာ လှိုက်လှိုက်လှဲလှဖြင့် ဂုဏ်ပြုသုံးစွဲနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
D Day News