Nahtogyi News

0 0
Read Time:3 Minute, 7 Second

နွားထိုးကြီးမြို့ပေါ်ရှိ တပ်စခန်း ၄ ခုကို သိမ်းပိုက်မှု စစ်သား ၃၀ ကျော်သေဆုံး၊ စစ်သုံးပန်း ၃ ဦးနှင့် လက်နက် ၂၇ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၁

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးနှင့်အတူ လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးနှင့် နွားထိုးကြီးပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက စတင်ပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲ ထားရာ ဆောက်လုပ်ရေးရုံး စစ်တပ်စခန်း၊ ဘဏ်ရုံးစောင့်စစ်တပ်စခန်း၊ ဂက်စစ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနှင့် လဝကရုံးနောက်ကျောရှိ အေးချောင်းထဲတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ် စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦး နှင့်အတူ လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အခုကငြိမ်သွားပြီဆိုတာက ဒီဘက်နောက်ပြန်ဆုတ်ပေးလိုက်တာ။ ထိန်းဖို့လည်းမဟုတ်ပါဘူး။ အား စမ်းတဲ့သဘောပါပဲ။ စခတွေလည်း ပြန်ရောက်လာပြီ။ မနေ့ တစ်ခါတည်းဝင်တိုက်သိမ်းပြီးတော့ ပြန် ဆုတ်လာခဲ့လိုက်တာ၊ လေယာဉ်က ဗုံးကျဲတာတွေများတဲ့အတွက်ကြောင့်ရယ်။ ပြီးတော့ သိမ်းပြီးရင် လည်း ထိန်းဖို့က ခဲယဉ်းတယ်။ ဘာလို့ဆိုရင် အလယ်ပိုင်းလည်းဖြစ်တယ်။ နွားထိုးကြီးမြို့က နောက် ပြီးတော့‌ တောင်ဘက်၊ မြောက်ဘက် ၊ အနောက်ဘက်၊ အရှေ့ဘက်တွေကလည်း မြို့တွေရှိတယ် လေ။ အလယ်ကနေဆိုရင်တော့ ထိန်းထားဖို့တော့ခက်တယ်။မနေ့က နေ့လည် ၁ နာရီလောက်က တည်းက ပြန်ဆုတ်လာခဲ့လိုက်တာ” ဟု နွားထိုးကြီးပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု အလွန် အကျွံအသုံးပြုခဲ့ပြီး မြို့ပေါ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက် စစ်သား အင်အား အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ညပိုင်းတွင် ပြန်လည်ဝင်ရောက်တပ် စွဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း Natogyi People Defence Force ၊ မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ တံတားဦးမြို့နယ်ပကဖနှင့် မြင်းခြံခရိုင်ဒရုန်း တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *