နွားထိုးကြီး၊ မြင်းခြံနှင့်တောင်သာမြို့နယ်တွင် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တိုက်ပွဲဖော် ဆောင်လျက်ရှိရာ စစ်တပ်စခန်းများ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှုရှိ
D Day News
ဩဂုတ်လ ၁၁
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့်တောင်သာမြို့နယ်တွင် “မြင်း ခြံခရိုင်အထူးစစ်ဆင်ရေး”အဖြစ်ဖော်ဆောင်လျက်ရှိကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းကစတင်ပြီး “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် မြင်းခြံ မြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ ရဲ စခန်း၊ အကြမ်းဖက်စစ်တပ်ဌာနဆိုင်ရာရုံး၊ တပ်ရင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာအ ချို့ သိမ်းပိုက်ရရှိထားပြီး အကြမ်းဖက်စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့ အ ပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။
“လက်ရှိလောလောဆယ် နှစ်ဖက်ထိခိုက်ကျဆုံးတွေ ရှိပါတယ်။ လက်နက်ခဲယမ်းရရှိထားတာတွေ လည်းရှိပါတယ်၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြလို့မရသေးပါဘူး။ ပြည်သူတွေအနေနဲ့ အခု စစ်ဆင်ရေးကာလအတွင်းမှာ အထူးသဖြင့် ဖြတ်သန်းသွားလာတာတွေ၊ ပျော်ပွဲစားထွက်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ဆင်ရေးကာလအတွင်းမှာ အန္တရာယ် များစွာရှိပါတယ်။ ဒါလေးကို လိုက်နာပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့် မြင်းခြံ ခရိုင် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၊ LPDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက် နေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တန်ပြန်စစ်ကြောင်းထိုးလှုပ်ရှားနေသဖြင့် အသေး စိတ် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့်မိဘပြည်သူများအနေဖြင့် မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်း များ အား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် အထူးမေတ္တာရပ်ခံထားသည်။
D Day News