Chauk News

0 0
Read Time:2 Minute, 51 Second

ချောက်မြို့နယ်၊ ရေဆားလယ်ရွာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး ပြီး ကာဘိုင်သေနတ် ၂ လက်၊ ကား၊ ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၁

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၂ လက်၊ ကား၊ ဆိုင်ကယ်တို့အပါအဝင် ဆက်စပ် ပစ္စည်း များ သိမ်းဆည်းရရှိခဲ့ကြောင်း OAK AWE UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ချောက်မြို့နယ်၊ ရေဆားလယ်ကျေးရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အ ပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး ၂ ဦးလဲကျသေဆုံးကာ ကျန် ပျူ စောထီးများမှာ စက်လှေများဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

 

“ပျူရွာလုံးလုံးတော့မဖြစ်သေးဘူး။ အရင်ကတည်းက စစ်တပ်ထောက်ခံတဲ့ရွာပါ။ ရွာထိပ်မှာ ဘန်ကာ တွေ၊ ဂိတ်တွေဆောက်ပြီး ညဘက်ဆိုရင်တော့ သောက်စားမူးရူးကင်းစောင့်တာတွေရှိတယ်။ နေ့ခင်း ဆိုရင်တော့မရှိဘူး။ ပျူခေါင်းဆောင် အောင်မျိုးမင်း အဲဒီရွာကို ရောက်နေတယ်ကြားလို့ ဝင်တိုက်ကြ တာ။ ပျူခေါင်းဆောင်အောင်မျိုးမင်းရှိတဲ့အိမ်ကို ဝင်စီးတဲ့ ၂ ဦးတော့နေရာမှာလဲကျသေတယ်။ ကျန် တဲ့ ပျူစောထီးတွေက ထွက်ပြေးကြတာ။ စက်လှေတွေနဲ့လည်းပြေးတယ်” ဟု OAK AWE UG တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း ကာဘိုအမျိုးအစား သေနတ် ၂ လက်၊ Honda Civic အ မျိုးအစား ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ကာဘိုကျည် အတောင့် ၁၂၀ ၊ ကာဘိုင်ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၁၂ ကျည် အမျိုးအစား ၁၄ တောင့် ၊ AK ကျည်ဘောက် ၂ ဘောက်၊ 7.62 ကျည် အတောင့် ၄၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်ခိုက်မှုကို မကွေး ခရိုင် (ပ.က.ဖ) အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၊ ချောက်မြို့နယ် (ပ.က.ဖ) ၊ Chauk Guerrilla force (C.G.F) ၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ Chauk Revolution Army ၊ Oak Awe (UG) ၊ Bagan Bo Cho ၊ Burma Ranger Revolution ၊ YRF တပ် ရင်း ၁၂ ၊ မင်းသားကြီးတပ်ဖွဲ့ ၊ Yenathar Youth Force နှင့် Kyaukpadaung special Defense Force မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *