Shwe Bo News

0 0
Read Time:2 Minute, 11 Second

ရွှေဘို၊ ဇီးကုန်းလေးရွာရှိ စစ်တပ်၏ မူးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးရွာရှိ အကြမ်းဖက် စစ်တပ်၏ မူးတံ တားဂိတ်ကို ဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း ရွှေဘိုမြို့နယ် တိုက်နယ် (၁) ပကဖ Golden Future Force-Shwebo အဖွဲ့မှ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၅၆ မိနစ်အချိန် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးပျူရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ကင်းယူထားသော မူးတံတားဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနှင့် ပျူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ပျူများထံမှ G-3 သေနတ် ၁ လက် ၊ ကျည် ၁၀၁ တောင့်နှင့် M-1 ကာဘိုင် ၁ လက် ကျည် ၇၀ တောင့်တို့ကို သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

” ဒီ mission အတွက် ကြိုးစားလိုက်ရတာ ဒါက ဒုတိယ အကြိမ်ပါ။ ပထမအကြိမ် တိုက်ခိုက်တုန်းက ပစ္စည်းမရလိုက်လို့ အခု ဒုတိယအကြိမ်ပြန်ကြိုးစားပြီး လက်နက်ရအောင် တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေဘိုမြို့နယ် တိုက်နယ် (၁) ပကဖ Golden Future Force-Shwebo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် တိုက်နယ် (၁) ပကဖ Golden Future Force-Shwebo နှင့် Golden Heroes Force-Shwebo အဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက် ရေး အဖွဲ့ (PDO) နှင့် နယ်မြေခံ ဘီလူးညီနောင် ပကဖ အဖွဲ့တို့က ဖြတ်တောက်ရေး ကာကင်းအဖြစ် ပူးပေါင်း ပါဝင်ပေးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *