NUG News

0 0
Read Time:5 Minute, 10 Second

နိုင်ငံတဝန်းမြို့ပေါင်း ၃၅၀ ကျော်အနက် စကစအပြည့်အ၀ထိန်းချုပ်နိုင်သည့် မြို့ ၁၀၀ ပင်မပြည့်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော(ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၁

 

လက်ရှိ စစ်ရေးအောင်မြင်မှုများအရ တော်လှန်ရေးအင်အားစုများ အပြည့်အ၀ ထိန်းချုပ်ထားနိုင် သည့် မြို့အရေအတွက် တိုးလာနေပြီး စစ်ကောင်စီ အပြည့်အ၀ ထိန်းချုပ်နိုင်သည့် မြို့မှာ ၁၀၀ ပင် မပြည့်တော့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

ဩဂုတ်လ ၁၀ ရက် နေ့တွင် ပြုလုပ်သည့် “ပြည်သူများသို့ အောင်စကား” အစီအစဉ်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အားလုံးပေါင်းမယ်ဆိုရင် မြို့ပေါင်း ၃၅၂ မြို့အနက် အုပ်စုလေးစုခွဲပြီးတော့ ကြည့်တဲ့အခါမှာ ကျ နော်တို့ အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေရှိတယ်။ စစ်ကောင်စီ တပ်တွေမလှုပ်နိုင် အောင် မြို့ပြင်ထွက်မလာနိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြို့တွေရှိတယ်။ တော်လှန်စစ်အနှံ့ အပြား ပေါ်ပေါက်နေတဲ့မြို့တွေရှိမယ်။ ပြီးရင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့တွေရှိမယ်။ စစ် ကောင်စီထိန်းချုပ်ထားတဲမြို့ဟာ အခုဆိုရင် ၁၀၀ မပြည့်တော့ဘူး” ဟု NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီ ၏ နောက်ဆုံးနေ့များ မျက်စီရှေ့သို့ ရောက်လာ နေပြီဟု ပြောကြားလိုကြောင်း၊ စစ်ကောင်စီတပ်၏ အားအကောင်းဆုံးအကြီးဆုံး ရမခ တိုင်းစစ် ဌာနချုပ် ကျသွားခြင်းသည် နောက်ထပ် မည်သည့် တိုင်းစစ်ဌာနချုပ်မျိုးကမှ လက်ရှိ တော်လှန်ရေး အားကို ခံနိုင်မည်မဟုတ်တော့မည့် အနေအထားဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

 

ပြည်သူကို အနိုင်ကျင့်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ သည် ပြည်သူများ၏ ဒဏ်ခတ်မှုကို မရှုမလှခံနေရ သည့် အချိန်ဖြစ်ကြောင်း၊ သို့သော် စစ်ခေါင်းဆောင်အချို့က အသိတရားမဝင်သေး၊ အမြင်မှန်မရ သေး ဘဲ မိုက်လုံးကြီးနေဆဲဖြစ်သည်ဟု ဦးရည်မွန်က ဆက်လက်ပြောကြားသည်။

 

ဝန်ကြီး ဦးရည်မွန်အနေဖြင့် ၂၀၂၃-၂၄ ခုနှစ် အတွင်း မြန်မာနိုင်ငံ အထက်ပိုင်း၌ အရှေ့ဘက် တရုတ် နယ် စပ်မှ အနောက်ဘက် အိန္ဒိယ နယ်စပ်အကြား ဥဒဟိုသွား လာခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်း များ၊ တော်လှန်ရေးရဲဘော်များက မြေပြင်ကို စိုးမိုးထားနိုင်မှုကို မြင်တွေ့ခဲ့ရကြောင်း၊ ကာကွယ်ရေး ဝန်ကြီး ဌာန၏ လေ့လာချက်က နယ်မြေ အုပ်စု ၄ ခုခွဲခြားထားကြောင်း၊ အုပ်စုတစ်ခုမှာ တော်လှန် ရေးအဖွဲ့များမှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ ၇၅ မြို့၊ ဒုတိယ အုပ်စုမှာ စစ်ကောင်စီ တပ် များ မြို့ထဲမှ မြို့ပြင်ထွက်မလာနိုင်စေရန် တော်လှန်ရေးအင်အားစုများက ဝိုင်းပတ်ပိတ်လှောင် ထား သည့်မြို့ ၁၀၅ မြို့၊ တတိယ အုပ်စုမှာ ပြည်သူ့တော်လှန်စစ်ဖြစ်ပွားနေသည့်မြို့ ၇၄ မြို့ နှင့် စစ် ကောင်စီ ထိန်းချုပ်ထားဆဲမြို့ ၉၈ မြို့တို့ ဖြစ်ကြောင်း သိရသည်။

 

“စစ်ရေးအရ တိုးတက်အောင်မြင်နေတယ်။ နိုင်ငံရဲ့ အရှေ့အနောက်၊ တောင်မြောက် စစ်မျက်နှာစုံဖွင့် ပြီး ဟန်ချက်ညီညီ တိုက်ပွဲဝင်နေတယ်။ အရေးကြီးတဲ့ အောင်မြင်မှုတွေလက်ဆုပ် လက်ကိုင် ရရှိနေ တယ်။ဒါကအရေးကြီးတဲ့တစ်ချက်၊ စစ်ကောင်စီရဲ့ အတွင်းစည်းထဲမှာ တချို့က အာဏာကို ပြည်သူ့ လက် ပြန်အပ်ပြီး ငါတို့ ဘားတိုက် ပြန်မှ ဖြစ်မယ်လို့ သဘောပေါက်လာတဲ့ သူတွေလည်း ရှိသင့်သ လောက် ရှိနေတယ် ။ သို့သော် တချို့ကတော့ အာဏာငမ်းဖမ်းပြီးတော့ အာဏာလက်မလွှတ်စတမ်း ပေါ့ ဆက်ပြီးတော့ မိုက်မဲချင်တဲ့ သူ တစ်စုလည်းရှိတယ်။ ဒီအားပြိုင်မှုက စစ်ကောင်စီရဲ့ အတွင်း စည်း ထဲမှာ တဖြည်းပိုပြီးတော့ ထင်ရှားလာတယ်ဆိုတာကိုလည်း တွေ့ရတယ်”ဟုNUG ကာကွယ် ရေး ဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

 

အမျိုးသားညီညွတ်ရးအစိုးရနှင့် တော်လှန်ရေးတပ်များအနေဖြင့် အသိတရားရှိသည့် စစ်တပ်အလုပ် စစ်တပ်တာဝန်ကို ကောင်းစွာ နားလည်သည့် စစ်ကောင်စီတပ်ထဲက တပ်မှူး တပ်သားများကို အမြဲ ကြိုဆိုနေမည်ပြီး PDF များအနေဖြင့်လည်း အင်အားတည်ဆောက်မှုအရာ၌ ကွက်ပြည့်ခင်းထား နိုင်ကာ မဟာဗျူဟာ ထိုးစစ်ဆင်နွှဲနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *