Matupi News

0 0
Read Time:3 Minute, 34 Second

မတူပီဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့်ချပေးသည့်အစာအစာများကို ရဲများအား ပေးကျွေးခြင်းမရှိ၊ ဆေး လိပ်တစ်လိပ်ကို ၂ သောင်းဖြင့်ရောင်းစား၊ တိုက်ပွဲဖြစ်ပြီး ထွက်ပြေးစဉ် ရဲများ အပြားသေဆုံး (ရုပ်သံအင်တာဗျူး)

 

D Day News

ဩဂုတ်လ ၁၀

 

ချင်းပြည်နယ်၊ မတူပီမြို့ဗျူဟာကုန်းသို့ ရဟတ်ယာဉ်ဖြင့်ချပေးသည့် အစားအသောက်များကို ရဲများ အား ပေးကျွေးခြင်းမရှိသည့်အပြင် ဆေးလိပ်တစ်လိပ်ကို ၂ သောင်းပေးဝယ်ခဲ့ရကြောင်း၊ ဗျူဟာကုန်း သိမ်းပိုက်ခံရပြီး ထွက်ပြေးရာတွင်လည်း ရဲအများအပြားသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီး ဖြစ်သူ မအေးအေးအောင်က ဝန်ခံထွက်ဆိုသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့က မင်းတပ်-မတူပီကြား တောတွင်းတစ်နေရာ၌ ချင်းညီနောင်နှင့် အာရက္ခ တပ် တော်မှ ကယ်ဆယ်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ဇနီး၊ ကလေးမိခင်ဖြစ်သူ မအေးအေးအောင်က ချင်းညီနောင်အဖွဲ့၏ တွေ့ဆုံမေးမြန်းရာ ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

“လေယာဉ်တွေနဲ့ အစားအစာတွေလာချတယ်၊ ကျမတို့ကို မကျွေးဘူး။ သူတို့ဘာသာ သူတို့စားတာ။ ကျမတို့ကကျတော့ ရေတစ်ဘူးတောင်မသောက်ရဘူး။ ဆေးလိပ်တစ်လိပ်တောင်မှ ကျမယောက်ျား တအားသောက်ချင်လွန်းလို့ နေမကောင်းလို့ ၂ သောင်းနဲ့ဝယ်ရတာ၊ ဆေးလိပ်တစ်လိပ်ကို၊ စစ်သား တွေဆီမှာ။ ဆေးလိပ်တစ်လိပ်ကို ၂ သောင်းတဲ့။ စစ်သားတွေဆီမှာ ဝယ်သောက်ရတာ။” ဟု မအေး အေးအောင်က ပြောဆိုသည်။

မတူပီမြို့ဗျူဟာကုန်းသိမ်းပိုက်ခံရပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲနှင့်ရဲမိသားစုဝင်အများ အပြားသည် စစ်ကောင်စီတပ် ဗျူဟာမှူးတို့နှင့်အတူ ထွက်ပြေးခဲ့ရကြောင်း၊ ထို့သို့ ထွက်ပြေးစဉ် စစ်သားများက ကူညီဖေးမခြင်းမရှိခဲ့ကြောင်း၊ တနေ့လျှင် ရဲ ၅ ဦး ၊ ၆ ဦးခန့် တောထဲတောင်ထဲ၌ သေ ဆုံးကြရကြောင်း သိရသည်။

 

“ပြေးလာတဲ့အချိန်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေလည်းပါတယ်၊ ပါပြီးမှ အကုန်လုံးသေကြတယ်။ ရဲမှူး က ပထမ သေတယ်ထင်တယ်။ သူက လမ်းလည်း မလျှောက်နိုင်ဘူးလေ။ ရဲတွေကတော့ တော်တော် များ များ သေကြတယ်။ သူတို့ ခံနိုင်ရည်လည်း မရှိကြဘူးလေ။ သူတို့အထုပ်တွေတောင်မှ သူတို့ မထမ်း နိုင်ဘူး။ ဘယ်သူမှလည်း သူတို့ကို ဂရုမစိုက်ကြဘူး။ သူတို့စစ်သးတွေကျတော့ သူတို့ဘာ သူ တို့သွားကြတယ်၊ လာကြတယ်။ ကျမတို့ရဲတွေကတော့ သေတာများတယ်။ တစ်ရက်မိုးလင်းရင်း ၅ ယောက် ၆ ယောက်အဲလိုတန်းစီပြီးသေနေတာ။ မိုးကာလည်းမပါ၊ မိုးရေထဲမှာအိပ်ကြရတော့ အအေး ပတ်ပြီးသေတာ။” ဟု မအေးအေးအောင်က ပြောဆိုသည်။

 

အကြမ်းဖက်စစ်တပ်အရာရှိများသည် ရဲတပ်ဖွဲ့ဝင်မိသားစုများကို လေယာဉ်ဖြင့် ဘေးလွတ်ရာသို့ ပို့ ဆောင်ပေးမည်ဟုဆိုကာ ဗျူဟာကုန်းသို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗျူဟာကုန်းသို့ ရောက်ရှိ သည့်အချိန်တွင် လေယာဉ်ဖြင့် ချပေးသည့် အစားအစာများကိုပင် ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ ကို ပေးကျွေးခြင်းမရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *