Poem

0 0
Read Time:52 Second

ကဗျာကဏ္ဍ “တော်လှန်ချစ်သူ”

 

ပျိုးကြဲလက်

 

နှမငယ် ပြုံးပါစ

ဆံထုံးခဲ့ လာပါ

တောင်တောရယ်သာ

ပန်းမာလာ ရနံ့သင်းပါလို့

အဆင်းနီတာတာနှင့်

ခူးယူကာ မောင်ပန်ပေးပါ့မယ်လေး ။

 

တော်လှန်ရာ ခါသမယ

လုံမနှင့် တွေ့ခွင့်ဆုံတယ်

ရဂုံဗွေ သာစခန်းမှာလ

လဝန်းပမာ မောင့်အသည်းညှာကိုင်မို့

ခင့်အလှ ဖက်ပြိုင်

စုံဂနိုင် အရိုင်းပန်းငယ်နှင့်

နန်းထိုက်လို့တော်ဝင်

ပန်းသဇင်ကို

ပန်ဆင်မူ အလှထူးပါဘိ

မောင်ခူးလို့ပေးပါ့မယ်

မွှေးရနံ့ထုံထုံနဲ့ ပန်လိုက်ပါ့ခင်ရယ်

စစ်ယှဉ်ဖော် သူပုန်ပျက်ချိန်မှ

လက်ထပ်မယ်လေး… ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးချိန် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက် ည ၈ နာရီ မိနစ် ၄၀

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *