NUG News

0 0
Read Time:2 Minute, 24 Second

ပင်လယ်ဘူးမြို့တွင် ဒဏ်ရာရလူနာတင်ခြင်း၊ ပစ္စည်းချခြင်း လုပ်ဆောင်နေသည့် Mi 17 ထောက်ပို့ ရဟတ်ယာဉ်ကို ဗုံးကြဲတိုက်ခိုက်မှု အရာရှိအပါအဝင် ၇ ဦးသေဆုံး၊ လေယာဉ်အရေးပေါ်တံခါးနှင့် အမြီးပိုင်းပျက်စီး

 

D Day News

ဩဂုတ်လ ၉

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့တွင် ဒဏ်ရာရလူနာတင်ခြင်း၊ ပစ္စည်းချခြင်း လုပ် ဆောင်နေသည့် စစ်တပ် ထောက်ပို့ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရာရှိအပါအ ဝင် ၇ ဦးသေဆုံးပြီး လေယာဉ် အရေးပေါ်တံတားနှင့်အမြီးပိုင်းပျက်စီးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၆ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ပင်လည်ဘူးမြို့၌ အကြမ်းဖက်စစ်တပ်က Mi-17 ထောက်ပို့ရဟတ် ယာဥ်ဖြင့် မြေပြင်၌ ပစ္စည်းချခြင်းနှင့် ထိခိုက်ဒဏ်ရာရ ရန်သူ့တပ်သားများကို တင်ဆောင်နေစဥ် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဥ်၏ အမြီးပိုင်းနှင့် လူတင်နေသော အနောက်တံခါး ပေါက်အနီးသို့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်တပ်၏ ဘီလူးစစ်ကြောင်းမှ အရာရှိ အပါ အဝင် (၇) ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ရဟတ်ယာဥ်မှူးတဦး အပါအဝင် (၁၇) ဦး အပြင်းအထန် ထိခိုက်ဒဏ် ရာရပြီး အခြား ထိ ခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ကြောင်း၊  Mi-17 ထောက်ပို့ရဟတ်ယာဥ်လည်း ထိခိုက်ပျက် စီးခဲ့ကြောင်း သိရသည်။

 

ထိခိုက်ပျက်စီးသွားသော Mi-17 ထောက်ပို့ရဟတ်ယာဉ်မှ ပြုတ်ကျကျန်ရစ်သော အရေးပေါ် တံခါး ပေါက်ကိုလည်း PDF တပ်ဖွဲ့မှ သိမ်းဆည်းရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *