Myaing News

0 0
Read Time:4 Minute, 11 Second

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီးစခန်းသိမ်းပိုက်ရရှိ၊ စစ်သား၊ ပျူစောထီး ၁၀ ဦးသေဆုံးပြီး လက် နက် ၁၀ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိ သည့် ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူ

 

D Day News

ဩဂုတ်လ ၉

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၁၀ ဦးသေဆုံးပြီး လက်နက် ၁၀ လက်သိမ်းဆည်းရရှိကာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မြိုင် ပကဖထံမှ သိရသည်။

 

ဩဂုတ်လ ၅ ရက်နေ့မှ စ၍ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးခစန်းကို မြိုင်မြို့နယ်အတွင်းရှိ တော် လှန် ရေးအဖွဲ့များ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၅ ရက်နေ့တွင် စစ်တပ် ကာ ကင်း စခန်းတစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လ ၆ ရက်နေ့တွင် ကာကင်း စခန်း ၂ ခုကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ သိမ်းပိုက်ရရှိပြီးနောက် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အနေဖြင့် လက်နက်ချ အညံ့ခံ ရန်တောင်းဆိုခဲ့သော်လည်း လက်နက်ချ အညံ့ခံခြင်းမရှိပဲ လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကူခေါ်ကာ ခုခံနေသဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ဝက်ပုတ်ရွာ ပျူစောထီးစခန်းကို အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိုင်မြို့နယ်၊ စက်မှု ၂ ရှိ စစ်တပ်စခန်းဘက်သို့ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ ရကြောင်း သိရသည်။

 

စစ်ကောင်စီ တပ်စခန်းအတွင်း နယ်မြေရှင်းစဉ် MA4 သေနတ် ၁ လက် ၊ ကာဘိုင် သေနတ် ၁ လက် ၊ G3 သေနတ် ၂ လက် ၊ G4 သေနတ် ၁ လက် ၊ M16 သေနတ် ၁ လက် ၊ 12 ဗို့ သေနတ် ၂ လက် ၊ 79 မမ လက်နက်ကြီး ၁ လက် ၊ 60 MM လက်နက်ကြီး ၁ လက် ၊ ဂျန်ပါစက် ၁ လုံး နှင့် လက်နက် ခဲယမ်း အများ အပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို မြိုင်ပကဖ ၊ ပကဖ တပ်ပေါင်းစု အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင် အ မှတ်  ၁ ၊ ၂ ၊ ၆ ၊ ၇ ၊ ၁၀ ၊ ၁၄ ၊ ၁၅ ၊ ၁၇  တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ၊ ပေါက်ပကဖ ၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး ၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့ နှင့် ဒေသတွင်း တော် လှန်ရေးအင်အားစုများ ၊ ပြည်သူလူထုများက အတူတကွ‎စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည် ။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ ၁၂ ကြိမ်တိုင်တိုင်ပစ်ကူ ပေးခဲ့သည့်အပြင် ပြည်သူများစစ်ရှောင်နေသည့် ပေါက်မြို့နယ်ရွာသစ်စုကျေးရွာ ဘုန်းကြီးကျောင်း ကို အကြောင်းမဲ့ဗုံးကျဲခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

မြိုင်မြို့နယ်နှင့် ပခုက္ကူခရိုင်တွင်းရှိ အညံ့မခံသေးသော အကြမ်းဖက်စစ်တပ်အထိုင်စခန်းများ၊ ပျူ စခန်းများကို ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စစ်ရေးသတင်းကို အမြဲနားစွင့်ထား၍ ဗုံးခိုကျင်းများတူးထားရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *