Mon News

0 0
Read Time:1 Minute, 41 Second

ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးကာ PDF ရဲဘော်တစ်ဦး ကျဆုံး

 

D Day News

ဩဂဒတ်လ ၉

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေဆုံး ကာ YPDF မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ – AD ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့က ရေးမြို့နယ်၊ ကမော့ကနင်ကျေးရွာ အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၀၆ နှင့် ခမရ ၅၈၈ ပူးပေါင်းထားသော အကြမ်းဖက်စစ်သား ၁၂၀ ခန့်သည် မြို့ ဟောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲသည် ညနေ ၃ နာရီမှ ည ၉ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ YPDF မှ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း တိုင်းပြည်နှ့င့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ (AD) ၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများလည်း ယနေ့ ဩဂုတ်လ ၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တွင်မြို့ဟောင်းကျေးရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *