မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်မှုကြောင့် ကိုယ်ထူကိုယ်ထ လျှပ်စစ် ရုံး နှင့် နေအိမ် ၂ လုံးပျက်စီး၊ စစ်တပ်က ဈေးဝယ်သွားသည့် ပြည်သူ ၃ ဦးကို မတရား ဖမ်းဆီး
D Day News
ဩဂုတ်လ ၉
ကရင်ပြည်နယ်၊ မူးမြို့နယ်နှင့်လယ်ဒိုမြို့နယ်တွင်အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကိုယ်ထူကိုယ်ထ လျှပ်စစ်ရုံးနှင့် နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ် ပြန်ထားသည်။
ဩဂုတ်လ ၄ ရက် ည ၇ နာရီ ၅၇ မိနစ်အချိန်တွင်မူးမြို့နယ်အတွင်းရှိ ဇရပ်ကြီး အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီတပ် ခလရ ၇၃ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ကျောက် ပေါက်ကြီးကျေးရွာ ဘေး၌ ကျရောက်ပေါက်ကွဲကာ ကျေးရွာ ကိုယ်ထူကိုယ်ထ တပ်ဆင်ထားသော လျှပ်စစ်ရုံးကို ထမှန်ပေါက်ကွဲခဲ့သဖြင့် လျှပ်စစ်ရုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်လ ၄ ရက် ည ၇ နာရီ ၄၈ မိနစ်အချိန်ကလည်း အဆိုပါအကြမ်းဖက်စစ်တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီး တစ်လုံးပစ်ခတ်ခဲ့ရာ သပြေညွန့်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ရွှေပြည်သာကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်သက်ဝေ အောင် ၊ ဇူလိုင်လ ၂၉ ရက်နေ့က ကျောက်ကြီးပေါက်ကျေးရွာနေ အသက် ၆၀ အရွယ် ဦးတင်နိုင်နှင့် ရွှေပြည်သာကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ဦးချစ်မင်းသူတို့သည် ဇရပ်ကြီးကျေးရွာသို့ ဈေးသွား ဝယ်စဉ် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ် ဒိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံးထိခိုက်ပျက် စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
ဩဂုတ်လ ၄ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ အချိန်က လယ်ဒိုမြို့နယ်၊ စဉ့်အိုးလှရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် တလိုင်းခင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေ အိမ် တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့ပြီး အသက် ၄၇ နှစ်အရွယ် စောအောင်နိုင်စိုးလည်း ထိခိုက် ဒဏ် ရာရရှိခဲ့သည့်အပြင် ကြောင်း သိရသည်။
ဩဂုတ်လ ၇ ရက် ည ၇ နာရီ မိနစ် ၂၀ အချိန်တွင် ကုန်းမြင်သာယာစခန်းကုန်းရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များက ၁၂၀ မမ လက်နက်ကြီးဖြင့် ဘုရားကြီးကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ ဒေါ် ခင်အုံးမြင့်၏ နေအိမ်ထိမှန်ကာ အိမ်တံခါးမှန်များ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် တီစောဘွဲထူး၏ နွား နှင့် စောဆဲနေထူး၏ နွားတို့ကို ထိမှန်ခဲ့ကြောင်း သိရသည်။
D Day News