Gan Gaw News

0 0
Read Time:3 Minute, 6 Second

ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှ ပျူစောထီး ရှေ့တန်းကင်းစခန်းသို့ စေလွှတ်ခံရသဖြင့် လက်နက်ခဲယမ်း ယူဆောင်ပြီး အလင်းဝင်၊ အလင်းဝင်ပျူကို ဖမ်းဆီးရန်လာသည့် ပျူများအား YPDF တပ်ဖွဲ့ဝင်များက တိုက်ထုတ်

 

D Day News

ဩဂုတ်လ ၉

 

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှ ပျူစောထီး တစ်ဦး ရှေ့တန်းကင်းစခန်းသို့ စေလွှတ်သဖြင့် လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPDF ထံမှ သိရသည်။

 

ဩဂုတ်လ ၇ ရက် နံနက်ပိုင်းက ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ပျူစော ထီး မောင်ဖေဝင်းသည် ကလေး -ဂန့်ဂေါ ကာလမ်းမပေါ်ရှိ ရှေ့တန်းကင်းစခန်းကို စေလွှတ်ခံရသဖြင့် G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၇.၆၂ ကျည် ၁၅၀ တောင့်တို့ကို ယူဆောင် လာခဲ့ပြီး ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF တပ်ဖွဲ့ ရှေ့တန်းနယ်မြေစခန်းသို့ လာ ရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

“ကမန်းပါးနီစခန်းက ကလေး -ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ကင်းစခန်းပါ။ အဲဒီကိုလွှတ်တာ မသွာချင် တာရယ်၊ အဲထဲမှာ မမျှမတ အုပ်ချုပ်ခံရတာ၊ ဆင်းဆင်းရဲရဲနေရတာတွေကို မခံနိုင်တော့လို့ ထွက် ပြေးလာတာလို့ ပြောတယ်။ သူ့ကိုဖမ်းဖို့ ကျနော်တို့ နယ်မြေထဲကို ဝင်လာတဲ့ ပျူစောထီး ၁၀ ဦးက လွတ်သွားတယ်။ ကျနော်တို့ ဝိုက်တာမှာအချိန်နောက်ကျသွားတာမို့ မရလိုက်တာ။ ပျူတွေက လက်ရှိတော့ ငြိမ်နေတုန်းပဲ” ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ လာရောက်ပူးခဲ့သဖြင့် ၎င်းကို ဖမ်းဆီးရန် ကုက္ကားရွာမှ ထွက်လာသည့် ပျူစောထီး ၁၀ ဦးကို ယောက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ မျာ နောက်ကြောင်းသို့ တရစပ်ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာ (ပျူစော ထီးရွာ) မှ အသက် ၂၄ နှစ်အရွယ် မောင်ဖေဝင်းထံမှ လက်နက်ခဲယမ်းများကို ရှေ့တန်းတပ်မှုးဖြစ် သည့် ဒုတပ်ရင်းမှုး ရဲဘော်ဂျိုကာမှ လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဆုချီးမြှင့်နိုင်ရန် လုပ်ထုံး၊ လုပ်နည်း အရ စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ကျန်ရှိနေသော ပျူစောထီးများအနေဖြင့် ဆင်းရဲကြပ်တည်းစွာ အသက်ရှင်နေရမည့်အစား လူကို လူလို တန်ဖိုးထားသော နီးစပ်ရာ တော်လှန်ရေးအဖွဲ့များသို့ အမြန်ဆုံး အလင်းဝင်ရောက်ကြပါရန် ယောဒေကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPDF က တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *