EAOs News

0 0
Read Time:4 Minute, 34 Second

စစ်အာဏာရှင် ချေမှုန်းရေး မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့အပါအဝင် တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲတိုက်ပွဲဝင်မည်ဟု PNFC ၊ PNLO နှင့် NMSP-AD တို့က ပူးတွဲကြေညာ

 

D Day News

ဩဂုတ်လ ၉

 

အကြမ်းဖက် စစ်အာဏာရှင်အပြီးတိုင် ဖျက်သိမ်းရေးအတွက် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့အပါအဝင် တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း PNFC ၊ PNLO နှင့် NMSP-AD တို့က ပူးတွဲ ကြေညာလိုက်သည်။

 

ဩဂုတ်လ ၃ ရက်နေ့က လားရှိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ် ကို ညီနောင်မဟာမိတ် ၃ ဖော်နှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွ့များက သိမ်းပိုက်မှုအပေါ် ပူးတွဲ ပေး ပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA) တို့ ဦးဆောင်သည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) အပါ အဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အား ၂၀၂၄-ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင် ခြင်း အပါအဝင် ၁၀၂၇ စစ် ဆင်ရေး ဒုတိယလှိုင်းလုံးများ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်နိုင်ခြင်း အ ပေါ် ညီနောင်တော်လှန်ရေးအဖွဲ့များ ဖြစ်သော PNLO PNFC နှင့် NMSP-AD တို့က ဝမ်းသာဂုဏ်ယူပါ ကြောင်းနှင့်၊ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်ထောင်စုသွေးချင်းများကလည်း သောင်းသောင်းဖြဖြ ကြိုဆိုနေကြပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

MNTJP/MNDAAI PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၂၀၂၃-ခုနှစ် ဇန္နဝါရီလ (၁) ရက်နေ့ နှစ်သစ်ကူးကြေငြာချက်တွင် “တပြိုင်နက်တည်းတွင် လက်ရှိ ရင်ဆိုင်နေရသော စစ်အာဏာ ရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေရသော တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စည်းလုံးညီ ညွတ်စွာ အလုပ်လုပ် ကြရန် အထူးအရေးတကြီး လိုအပ်လျက် ရှိကြောင်း၊ မိမိတို့အားလုံးနှင့် မြန် မာပြည်သူတစ်ရပ်လုံး မျှော်မှန်း ထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေ ကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ် အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

 

ထိုသို့ ဖော်ပြချက်နှင့်အညီ ပြည်ထောင်စုတဝှမ်းလုံးရှိ တောင်ပေါ်မြေပြန့်အသီးသီးတွင် ၁၀၂၇ စစ် ဆင်ရေးလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး လူထုကို ရန်သူ အဖြစ် သတ်မှတ်စစ်ဆင်နေသော စစ်အုပ်စု၏ ရှုံးနှိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီ ဖြစ် ကြောင်း PNFC ၊ PNLO နှင့် NMSP-AD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

မိမိတို့အနေဖြင့်လည်း “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ် မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်”ဟု ခံယူထားသည်နှင့်အညီ သူ့ အရေးကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်း တိုက်ပွဲဝင်ကြလျက် ရှိသည်ဟု ဆို သည်။

 

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက် သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲတိုက်ပွဲဝင် သွားမည် ဖြစ်ပါကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *