TNLA News

0 0
Read Time:1 Minute, 55 Second

ကွက်ခိုင်မြို့ဈေးကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြုကြဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကာ ဆိုင်ခန်းပေါင်း ၄၀၁ ခန်း မီးလောင် ပျက်စီး

 

D Day News

ဩဂုတ်လ ၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့မဈေးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကာ ဆိုင်ပေါင်း ၄၀၁ ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီအချိန်က TNLA ထိန်းချုပ်ထားရာ ကွက်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံးကို ၄ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ရာ ကွတ်ခိုင်မြို ရပ်ကွက် ၅ နှင့် ရပ်ကွက် ၈ရှိ ဒေသနေပြည်သူ ၆ ဦး ဗုံးစ ထိမှန် သေဆုံး ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကွတ်ခိုင်မြိုမစျေးရှိ ဆိုင်ခန်းပေါင်း ၄၀၁ ခန်းနှင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗုံးကြဲချမှုကြောင့် မီးလောင်သွားသည့် မြိုမစျေးတွင် PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ပြီး စျေးအတွင်းရှိ ပစ္စည်းများ ခိုးဆိုးလုယက်မှုများ မရှိစေရန် အတွက်   PSLF/TNLA တပ်ဖွဲ့က လုံခြုံရေးယူထားပေးခဲ့ရကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *