SAC News

0 0
Read Time:4 Minute, 22 Second

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ရွာ၊ဆေးရုံ၊ကျောင်း၊ဈေး နှင့် နေအိမ်တို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည့် စစ်ကောင်စီကို တားဆီးပေးရန် အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိကထားပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့တောင်းဆို

 

D Day News

ဩဂုတ်လ ၇

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာ၊ ဆေးရုံ၊ကျောင်း၊ ဈေးနှင့် နေအိမ်များကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေသည့် စစ်ကောင်စီကို တားဆီးပေးပါရန်အိမ်နီးချင်းတရုတ်နိုင်ငံကို အဓိကထားပြီး နိုင်ငံ တကာအသိုင်းအဝိုင်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။

 

စစ်ကောင်စီ (စကစ) နှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာတွင် တိုက်ပွဲများအတွင်း အရေးမလှ စစ်ရှုံးနေသည့် စစ် ကောင်စီသည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့၊ ရွာ များရှိ ပြည်သူလူထုတို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ ကြီးလေးသောစစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန် နေသည့် အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

Photo – အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွက်ခိုင်မြို့နေအိမ်များ မီးလောင်မှု

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိတော့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အသီးသီး ထိန်းချုပ်ထားသော နယ်မြေများအတွင်းရှိ လောက်ကိုင်၊ သိန်းနီ(သိန္နီ)၊ ကွတ်ခိုင်၊ နမ့်ဆန်နှင့် မြောက် ဦး အစရှိသည့် မြို့နယ်များတွင် ဒေသခံပြည်သူလူထုတို့ နေထိုင်သွားလာရာ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းများ၊ ဘာသာရေး အဆောက်အအုံများ၊ တံတားများ၊ မြို့၊ ရွာများကို တိုက်လေယာဉ် များဖြင့် ဖျက်အားပြင်းဗုံးများ ကျဲချကာ ပြည်သူလူထုများကို အဓိကပစ်မှတ်ထားပြီးဆက်တိုက် တိုက် ခိုက်နေကြောင်း သိရသည်။

 

ထိုကဲ့သို့ ပေါင် ၅၀၀ ဗုံးများ၊ ဖျက်အားပြင်းဗုံးအမျိုးမျိုးဖြင့် ကျဲချ တိုက်ခိုက်နေမှုများ ကြောင့် ပြည်သူ လူထုတို့၏ ဈေး၊ ကျောင်း၊ ဆေးရုံ နှင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးရသည့်အပြင် အပြစ်မဲ့ပြည်သူ အ များ အပြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းများ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရကြောင်း သိရ သည်။

 

“1027 Operation” ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်များ လုံးဝကင်းစင်သွားပြီဖြစ်သော ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေဒေသရှိ တိုင်းရင်းသားမိဘပြည်သူများ အနေ ဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများမှ ကင်းဝေးစေရန်အတွက် လမ်းညွှန်ပြောဆို ထားသည့်အတိုင်း နေထိုင်သွားလာကြပါရန် နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က အထူးမေတ္တာရပ်ခံတောင်းဆိုထားသည်။

 

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ အစရှိသောလူထုအဆောက် အအုံများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားမိဘပြည်သူများကို သတ်ဖြတ် နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို ဝိုင်းဝန်းတားဆီး ဟန့်တားကြပါရန် အိမ်နီးချင်း ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အဓိကထားပြီး နိုင်ငံတကာမိသားစုများ အား လုံးတို့ကို အထူးယုံကြည် အားကိုးစွာဖြင့် တောင်းဆိုတိုက်တွန်းပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *