Poem

0 0
Read Time:55 Second

ကဗျာ ကဏ္ဍ “ရှစ်လေးလုံးသစ္စာ”

 

ပျိုုးကြဲလက်

 

ပြည့်မျက်နှာ ညှိုးပါပေါ့

ခိုးသားတို့ ခေတ်မှာ

ကြိုးစားလို့ ပြည်ချစ်ပါရင်

ကျည်ပစ်ကာ သတ်မြဲ ။

 

ကျောင်းသားထု လူညီတယ်

ရှုတည်တည် သပိတ်မှောက်ပွဲ ။

 

ရှစ်လေးလုံး သစ္စာကို

သူချစ်စွာ စောင့်ဆဲ ။

 

လူငယ်တွေ မာန်ခဲပေါ့

ဉာဏ်တွဲ၍ ဖေးကူ ။

 

အာကာယံ ကြယ်ဖျားထိ

ခြေဖဝါး ချနိုင်တဲ့လူ ။

 

ပလ္လင်တက် မိုက်သူကို

တိုက်ယူဆို ခုတိုက်

ရေဆုံးလိုက် တိုက်ယူမည်

အားစိုက်လို့ချီ ။

 

အနိုင်ရ ပြည့်ပါတီ

အာဏာတည် ငြိမ်းမည်ပါ့လေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ညသန်းခေါင်းယံ၊ ဩဂုတ်လ ၈ နံနက်အစောပိုင်းအစ ၁၂ နာရီအချိန်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *