PNLA News

0 0
Read Time:2 Minute, 28 Second

ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်း၊ ဒရုန်း ၁ စီးနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရရှိ

 

  • စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

 

D Day News

ဩဂုတ်လ ၇

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား အလောင်း ၁၀ လောင်း၊ ဒရုန်း တစ်စီးနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၆ ရက် နေ့က ဆီဆိုင်မြို့နယ်၊ လွယ်ထွယ်ကျေးရွာအနီးတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၊ မဟာမိတ်တပ်များ နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်၏အလောင်း ၁၀ လောင်း ၊ ဒရုန်း ၁ စင်း နှင့် လက်နက် ၁၀ လက်သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် သြဂုတ်လ ၃ ရက်နေ့မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းသို့ လက်နက်ကြီးများ တမင်သက် သက်ပစ်ခတ်နေလျက်ရှိရာ ပြည်သူ ၂ ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ၃ ထောင်ကျော် ထွက်ပြေး နေရကြောင်း သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ဆီဆိုင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဆီဆိုင် မြို့ အရှေ့ဘက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်သက်သက်ပစ်ခတ်ခဲ့ရာ ကျေး ရွာ ၁၀ ရွာထက်မနည်းမှ ပြည်သူများမှာ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် ယမန်နေ့ညပိုင်းက ဆီဆိုင်မြို့အရှေ့မြောက်ဘက်ရှိ မီးရဲကျေးရွာ အတွင်းကျရောက်ပေါက် ကွဲမှုကြောင့် ထီးရီးကျေးရွာမှ လာရောက်ပြီး စစ်ဘေးရှောင်ပြည်သူ ဆယ်ကျော်သက် အမျိုးသမီး ၂ ဦး လက်နက်ကြီး စထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *