AA News

0 0
Read Time:10 Minute, 13 Second

မောင်တောတွင် အမှတ် ၅ နယ်ခြားစောင့် တပ်စခန်းနှင့် မောင်တောမြို့တွင်း ခံတပ်များသာသိမ်း ပိုက်ရန်ကျန်ရှိတော့ပြီး လူမျိုးရေး၊ဘာသာရေးအကြမ်းဖက်ဝါဒများ‌ ခေါင်းထောင်မလာနိုင်စေရန် တိုက်ခိုက်နှိမ်နင်းသွားမည်ဟု ရခိုင်တပ်တော် အသိပေး

 

D Day News

ဩဂုတ်လ ၇

 

မောင်တောမြို့နယ်၊ အမှတ် ၅ နယ်ခြားစောင့် တပ်စခန်းနှင့် မောင်တောမြို့တွင်း ခံတပ်များသာ သိမ်းပိုက်ရန်ကျန်ရှိတော့ပြီး လူမျိုးရေး၊ဘာသာရေးအကြမ်းဖက်ဝါဒများ‌ ခေါင်းထောင်မလာနိုင်စေရန် တိုက်ခိုက်နှိမ်နင်းသွားမည်ဟု ရခိုင်တပ်တော် အသိပေးထုတ်ပြန်သည်။

 

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မောင်တောမြို့တွင်မူ နယ်ခြားစောင့် အမှတ် (၅) စခန်း နှင့် ခံစစ်အ ထပ် ထပ်ဖြင့် ခုခံနေသော မောင်တောမြို့တွင်း စခန်းများဟူ၍ စစ်စခန်း နှစ်ခုမျှသာကျန်ရှိတော့ ကြောင်း သိရသည်။

 

စစ်ကောင်စီသည် မောင်တောမြို့ခံများကို မြို့ထဲမှ ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ်ပြုလုပ် ထားပြီး မြို့တွင်းရှိ လူနေအိမ် များကို အခိုင်အမာ ခံစစ်စခန်းများအဖြစ်ပြုလုပ်၍ ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

 

တစ်ပြိုင်နက် တည်းတွင် စစ်ကောင်စီသည် အကြမ်းဖက် မူဆလင်အဖွဲ့များနှင့်အတူ ပူးပေါင်း၍ အ ကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ကြရန် အားပေးအားမြှောက်ပြုလုပ်က အာရက္ခဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာလုပ် ဆောင်နေကြောင်း ရခိုင့်တပ်တော်က အသိပေးထားသည်။

စစ်ကောင်စီမှ စစ်သင်တန်းပေးလေ့ကျင့်ပြီး လက်နက်တပ်ဆင်ပေးထားသော ဘာသာရေးအစွန်း ရောက် မူဆလင်များနှင့် စစ်ကောင်စီ၏ အားပေးကူညီ ထောက်ပံ့မြှောက်ပင့်ထားသော အစ္စလာမ် အစွန်းရောက်များသည် မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ကျူးလွန်ခွင့် လိုင်စင်ရထားသည့်သကဲ့သို့ အကြမ်းဖက်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုသည်။

 

ဤကဲ့သို့သော အကြမ်းဖက်ခြင်းခံရသော အဖြစ်အပျက်များသည် မောင်တောမြို့နှင့် အနီးတစ်ဝိုက် နေရာများတွင် အဓိကလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

အထူးသဖြင့် မူဆလင်မဟုတ်သော လူနည်းစု မျိုးနွယ်စုများဖြစ်ကြသည့် ခမီ၊ မြို၊ ဟိန္ဒူ လူမျိးများ သာမက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြသော မူဆလင်များပါ အဆိုပါ ဘာသာရေးအစွန်း ရောက်မူဆလင်များ၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုနှင့် အကြမ်းဖက်သတ်ဖြတ်မှု အန္တရာယ် များကို ပိုမိုရင်ဆိုင်လာနေရကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါနေရာများ၌ လူနည်းစုအုပ်စုများကို ဆက်လက်နေထိုင်၍ မရအောင် ပြုလုပ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကို အကြမ်းဖက်မူဆလင်အုပ်စုများမှ ပိုမိုပြုလုပ်လာကြောင်း၊ မူဆလင်မဟုတ်သောသူများ နှင့် ဘာသာခြား (လူမျိုးခြား) များကို ဈေးမရောင်းချရန်၊ မဆက်ဆံ ကြရန်၊ ဖယ်ကြဉ်ထားကြရန် တို့ကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

မူဆလင်အကြမ်းဖက်သမားအုပ်စုများ၊ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များနှင့် မူဆလင်ရာဇဝတ်လူဆိုးဂိုဏ်းအချို့၏ အကြမ်းဖက်အန္တရာယ်သည် ယခုအချိန်တွင် ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူနည်းစုသော မျိုးနွယ်စုများအပြင် ၎င်းဒေသနေ ဒေသခံပြည်သူလူထု တစ် ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လျက်ရှိကြောင်း ရခိုင့်တပ် တော်က – AA က အသိပေးထားသည်။

 

စစ်ကောင်စီသည် ULA/AA နှင့် အာရက္ခပြည်သူတစ်ရပ်လုံးတို့အား လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ထောင်ချောက်များထဲသို့ သက်ဆင်းသွား စေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့် အာရက္ခဒေသနေ ပြည်သူ တစ် ရပ်လုံး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအဝဝကို အပြည့်အဝ ကာကွယ်ပေးနိုင်ရန် အတွက် ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်းပြီး ထိရောက်သော လုံခြုံရေးဆိုင်ရာ ကာကွယ်မှုမျိုးကို တုံ့ပြန်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် မောင်တောဒေသအတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းနေရာများအားလုံးကို အပြီး သတ်သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည့်အပြင် ဘာသာရေး၊ လူမျိုး ရေး အကြမ်းဖက်ဝါဒများ ခေါင်းမထောင်လာနိုင်ရန်အတွက်လည်း အကြမ်းဖက်သမားများနှင့် အ ကြမ်းဖက်အဖွဲ့တိုင်းကို ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

RSO ၊ ARSA ၊ ARA အစရှိသော မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်ကောင်စီသင်တန်းဆင်း ပြီး လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် အစ္စလာမ်မစ် အ စွန်းရောက် အကြမ်းဖက်သမား အုပ်စုငယ်အချို့နှင့် ပြန်ပေးဆွဲ၊ လူသတ်၊ ခိုးဆိုး၊ လုယက်နေကြသော မူဆလင် ရာဇဝတ် လူဆိုးဂိုဏ်း အချို့တို့သည် အာရက္ခဒေသ၏ ဘူးသီးတောင်၊ မောင်တောမြို့များ နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် များအနီး၌ ဖြန့်ကြက်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

 

အစောပိုင်းကာလများ၌ ၎င်းတို့သည် စစ်ကောင်စီတပ်စခန်းအနီး၌ လှုပ်ရှားခဲ့ရာမှ ယခုနောက်ပိုင်း တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲ၍နေထိုင်ကြကြောင်း သိရသည်။

 

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေအား ပြဋ္ဌာန်းပြီးသည့်အချိန်နှင့် အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့ အား အလုံးစုံသိမ်းပိုက်ပြီးသည့်အချိန်၌ စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်မူဆလင်များသည် ဘူးသီးတောင် နှင့် မောင်တောမြို့နယ်ရှိ နေရာအချို့တို့တွင် လူသတ်ခြင်း၊ လုယက်ခြင်း၊ ဓါးပြတိုက် ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ မြို့၊ ရွာများအတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများကို ဖျက်ဆီး ခြင်း၊ မီးတိုက်ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ လက်နက်များဖြင့် ခြိမ်းခြောက်ခြင်း၊ ချောင်း မြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းတို့ကို စစ်ကောင်စီနှင့်အတူ ပူးပေါင်း၍လည်းကောင်း၊ ၎င်းတို့ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း အတင့်ရဲစွာ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ကြသည်ဟု ဆိုသည်။

 

အထူးသဖြင့် စစ်ကောင်စီထိန်းချုပ်ထားသော နေရာတို့တွင် လူမျိုးရေး၊ ဘာသာရေး အမုန်းတရား များ ဖြစ်ပေါ်အောင် ပြောဆိုလှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စာကပ်ခြင်းတို့ကို လည်း လုပ်ဆောင်လျက် ရှိသည့်အပြင် ULA/AA တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး ပြည်သူ့ဝန်ထမ်း မူဆလင်အချို့ကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၌ နယ်စပ်ကင်းလှည့်လည် လုံခြုံရေးယူ နေကြသော မိမိတို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်း၊ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ရှိ နယ်စပ်ခြံစည်း ရိုးများကို ဖျက်ဆီးခြင်း၊ နယ်စပ်တစ်လျှောက်၌ရှိသော အာရက္ခာတပ်တော် တပ်စခန်းအချို့အား လက်နက်ငယ်များဖြင့် ရံဖန်ရံခါ အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ ဒေသများမှ မူဆလင်များအား လူသစ်စုဆောင်းပြီး အကြမ်းဖက်သင်တန်းများပေးခြင်း၊ RSO ၊ ARSA ၊ ARA အဖွဲ့များမှလည်း ဘင်္ဂ လားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မူဆလင်များအား လူသစ်စုဆောင်းပြီး အကြမ်းဖက်စစ်သင်တန်းများ ပေးခြင်းတို့ကိုပါ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သင်တန်းပေးထားသော မူဆလင်များကို စစ်ကောင်စီက တိုက်ပွဲများအတွင်း အသုံးပြုသည် သာမက အကြမ်းဖက်သည့်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက်ပါ အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများအတွင်း စခန်းစွန့်ထွက်ပြေး လွတ်မြောက်နေကြသော စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီမှ လက်သပ်မွေးထားသော မူဆလင်များမှ ၎င်းတို့ပိုင်ဆိုင်သော စက်လှေများဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းသို့ ပို့ဆောင်ခြင်း၊ လက်နက် ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အားများ ပို့ဆောင်ခြင်း၊ ၎င်းတို့၏ စစ်ဆင်ရေးများတွင် အသုံးပြု ခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *