MNDAA News

0 0
Read Time:2 Minute, 40 Second

လားရှိုးတိုက်ပွဲအတွင်း ဒဏ်ရာဖြင့် စွန့်ပစ်ခံခဲ့ရသော ဒုခရိုင်ရဲဖွဲ့မှူး လှမျိုးကို MNDAA တပ်ဖွဲ့က ကယ်တင်

 

D Day News

ဩဂုတ်လ ၆

 

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာဖြင့် စွန့်ပစ်ခံခဲ့သော လားရှိုးခရိုင်ရဲတပ်ဖွဲ့ ဒုတိယ ရဲတပ်ဖွဲ့မှူး လှမျိုးကို MNDAA တပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် လားရှိုးမြို့ကို အပြည့်အဝ လွတ်မြောက်ကြောင်း ကြေညာထားပြီး လက်နက်ချ အလင်း ဝင်ခဲ့သည့် စစ်သုံ့ပန်းများကို အစွမ်းကုန် ကုသမှုပေးလျက်ရှိရာ ယင်းထဲတွင် လားရှိုးမြို့ ဒုတိယခရိုင်ရဲ မှူး ဦးလှမျိုးလည်းပါဝင်ခဲ့ကြေင်း သိရသည်။

လားရှိုးလွတ်မြောက်ရေး စစ်ဆင်ရေးအစတွင် လားရှိုးမြို့တွင်း စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေး ကင်းလှည့်မှုများကို ဦးလှမျိုးက တာဝန်ယူခဲ့ပြီး ဇူလိုင် ၂၀ ရက်အထိ စစ်ပွဲပြင်းထန်မှုကြောင့် လားရှိုး မြို့မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်လည်း ပြင်းထန်သော တိုက်ပွဲကြောင့် ထွက်ပြေးချိန် ၌ ရပ်ကွက်(၁) ကျောင်းဘေးတွင် အမြောက်ကျည်စထိမှန်ဒဏ်ရာရရှိကာ ဆေးရုံသို့ သွားရောက် ကုသ မှုကို ခံယူခဲ့ကြောင်း သိရသည်။

 

လားရှိုးအရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ်က တိုက်ခိုက်ပြီးနောက်မင်းအောင်လှိုင် ၏ အာဏာသိမ်းတပ်သည် စစ်ဆေးရုံကို ဗုံးကြဲပြီး စွန့်ပစ်ထားခဲ့ရာ MNDAA မဟာမိတ်တပ်က တပ်မ တော် ဆေးရုံရှိ အောက်ခြေ အရာရှိ၊ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုများကို ဘေးကင်းရာသို့ ရွှေ့ ပြောင်းကာ အနောက်တန်းဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ ထိုသို့ ကုသမှုပေးသူများထဲတွင်  လားရှိုးခရိုင်ရဲတပ်ဖွဲ့ ဒုခရိုင်တပ်ဖွဲ့ ဦးလှမျိုး၏ ကျန်းမာရေးအခြေအနေသည် တဖြည်းဖြည်း ကောင်း မွန်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကုသမှုကာလအတွင်း မင်းအောင်လှိုင်၏ အာဏာသိမ်းတပ် အရာရှိများနှင့် စစ်သည်များကို MNDAA တပ်ဖွဲ့ဝင်များက တန်းတူညီမျှဆက်ဆံပြီး လူသားချင်းစာနာမှုအကူအညီများ အစွမ်းကုန် ပံ့ပိုးပေးကာ ကုသမှုခံယူနေရဆဲဖြစ်သော မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်သည်အချို့ကိုလည်း သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *