Chaung U News

0 0
Read Time:2 Minute, 27 Second

ချောင်းဦးမြို့မရဲစခန်း၊ ထွေအုပ်ရုံး နှင့် ဆက်ကြေးကောက်နေသော စခန်းတို့ကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှု စခန်းမှူးအပါအဝင် ၄ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် ရဲစခန်းအနီး ဆက်ကြေး ကောက်နေသော စခန်းပါအုပ်စုကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီခန့်က ချောင်းဦးမြို့မ ရဲစခန်းနှင့် မီတာ ၁၂၀ အကွာ၌ လမ်း သွားလမ်းလာပြည်သူများကို ဆက်ကြေးကောက်နေသော စခန်းမှူးအပါအဝင် ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စခန်းမှူးနှင့် အခြားအဆင့် ရဲတစ်ဦး သေဆုံးပြီး ရဲတစ်ဦး အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၁၅ တပ်ခွဲ ၃ {ဗိုလ်နိုင် -လေပွေမုန်တိုင်း တပ်ခွဲ} မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူ အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသော ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တို့ ကို ကြံတိုင်းအောင်စစ်ဆင်ရေး အဖြစ် Shar Htoo Waw နည်းပညာသုံး Fixed Wings ဒရုန်း ၃ စီးဖြင့် Drop Bomb ၅ လုံး ကြဲချ တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိ ရသည်။

 

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက ဒရုန်း Shooter ဖြင့် ပစ်ချမှုကြောင့် ဒရုန်းတစ် စီး ပျက်ကျဆုံးရှုံးခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Peacock Drone team -Myaung ၊ Standard Revolution Force-SRF MMU ၊ မိုင်းမင်းသား (အရာတော်) နှင့် ချောင်းဦးမြို့နယ် ပကဖ (C H U) တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *