TNLA News

0 0
Read Time:2 Minute, 33 Second

ကွက်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၄ ကြိမ်ကြဲချမှု ကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီး

 

D Day News

ဩဂုတ်လ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြုကာ ၄ ကြိမ် ကြဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၅ ရက် ညနေ ၃ နာရီ ၅ မိနစ်တွင် တစ်ကြိမ်၊ ၃ နာရီ ၁၁ မိနစ်တွင် တစ်ကြိမ် ၊ ၃ နာရီ မိနစ် ၂၀ တွင်တစ်ကြိမ်နှင့် ၃ နာရီ မိနစ် ၃၀ တွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ဂျက်ဖိုက်တာဖြင့် ပြင်းအားမြင့်အမျိုးအစား‌ ပေါင် ၅၀၀ ဗုံး ၇ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကွတ်ခိုင်မြို့လယ် လမ်းဆုံတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်နေသည့် အမျိုးသား(၃)ဦးနှင့် မြို့လယ်တွင်  ပြည်သူ (၂)ဦး စုစုပေါင်း (၅) ဦး ပွဲချင်းပြီး သေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအပြင် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြို့မစျေးရှိ ဆိုင်ခန့်တချို့ လည်း မီးလောင်သွားကာ PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ပေးခဲ့ရ ကြောင်း သိရသည်။

 

လွန်ခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင်လည်း MNDAA အုပ်ချုပ်နေသည့် သိန္နီမြို့တွင်ရှိ စျေးအတွင်း လူစည်ကားနေချိန် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၇)ဦး သေဆုံးသွားခဲ့ပြီး လောက်ကိုင်မြို့ကိုလည်း မကြာခဏ လေကြောင်းအသုံးပြုကာ ဗုံးကြဲ တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *