Poem

0 0
Read Time:1 Minute, 15 Second

ကဗျာကဏ္ဍ “တော်လှန်မြေက မောင့်ချစ်သူ”

 

ပျိုးကြဲလက်

 

တော်လှန်သူ ခင်နှမ

ဗျာပါရ ဝင့်ထည် ။

 

မာပါမှ တင့်တယ်မည်

မေတ္တာရည် ပို့မြဲ ။

 

မိုးကျနတ် သူဇာခင်နှယ်

ရူပါလွင် ဖြူစင်ဆကဲ ။

 

မောင့်ရင်ထဲ ခင်လေးပျော်စဉ်

အရေးတော် ယှဉ်တွဲ ။

 

သုံးနှစ်တာ စစ်ပြင်ဆဲက

စစ်ဆင်ပွဲ စပြီ ။

 

ရန်သူပင် မြေပြင်ကျလို့

ဝေဟင်က ဗုံးကြဲချသည် ။

 

ရန်ကုန်မှ ပြန်ဆုံမည်

မာန်ဟုန်ချီ စောင့်ဦး ။

 

မကြာဘူး နှစ်ကူးခင်ရယ်

ချစ်ဦးမြန်းချင် ။

 

ပန်းသမျှ နွမ်းလျှထင်လျှင်

ဖက်ထားခင် ချစ်လွန်းလို့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးချိန် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက် ည ၈ နာရီ ၁၂ မိနစ်

Photo – ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေး ဆင်နွှဲနေသော ရဲဘော်၏ ဇနီး ကလေးမွေးဖွား ရန်အတွက် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ အဖွဲ့အစည်းမှ မြန်မာငွေ ၃ သိန်းကျပ်တိတိကို သွားရောက် ကူညီထောက်ပံပေးကြောင်း ထုတ်ပြန်ထားသည့်မှတ်တမ်း

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *