Singu News

0 0
Read Time:1 Minute, 58 Second

မန္တလေး PDF ထိန်းချုပ်ထားသော စဉ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၄

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁ နာရီခန့်က မည်သည့်တိုက်ပွဲမှာဖြစ်ပွားခြင်းမရှိသည့် စဉ့်ကူးမြို့ နယ် ၊ ကံတောင်ကျေးရွာအား ဖက်ဆစ်စစ်ကောင်စီမှ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး (Cluster Bombs) များ အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁) ဦး အပါအဝင် အပြစ် မဲ့ ပြည်သူ (၃) ဦး သေဆုံးကာ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် စဉ့်ကူးမြို့နယ် ၊ နွယ်ရုံ ကျေး ရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ကလေးငယ် (၁) ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၁၀) ဦး သေဆုံးခဲ့ကာ (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ရှုံးနေသဖြင့် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက် ကာ ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ကာ ကြီးမားသော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *