Lasho News

0 0
Read Time:4 Minute, 43 Second

စစ်ရှုံးပြီး ထွက်ပြေးသွားသော ရမခ တိုင်းမှူးစိုးလှိုင်ကို စစ်ပြေးမှုဖြင့် အမှုဖွင့်၊ အမှန်တရား ဘက်က ရည်တည်ပြီး သက်သေထွက်ဆိုပေးရန် ဗိုလ်ကြီးနေမျိုးဇင်ဖိတ်ခေါ် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရပြီး နောက် ထွက်ပြေးသွားသော တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်ကို အကြမ်းဖက် စစ်ခေါင်းဆောင်များက စစ်ပြေးမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

 

တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်သည် ဗိုလ်ကြီးနေမျိုးဇင်နှင့် သူငယ်ချင်းများဖြစ်ကြပြီး အလုပ်သင် အ ပတ် စဉ် ၂၄ ကျောင်းဆင်းဖြစ်ကြောင်း၊ ဖက်ဆစ်တပ်မှ ခွင့်မဲ့ပျက်ကွက်ဖြင့် ထွက်ပြေးနေသူ ဗိုလ်မှူး ချုပ် စိုးလှိုင်အနေဖြင့် ပြည်သူလူထုဘက်ကို ရပ်တည်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်များ ၏ မတ ရား မှုများကို ဖော်ထုတ်ပေးစေလိုကြောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ဖိတ်ခေါ်ထားသည်။

“ကျနော်ပြောပါတယ်၊ တိုင်းမှူးအဆင့်အထိ ခွင့်မဲ့ပျက်ကွက်နဲ့ တိုင်းမှူးအဆင့်တွေအထိ ပူးပေါင်းလာ လိမ့်မယ်ဆိုတာ တောက်လျှောက်ကျနော်ပြောလာတာ။ အခု တိုင်းမှူးအဆင့် ခွင့်မဲ့ ပျက်ကွက် ဖြစ်ပြီ ၊ မကြာခင်။ လူမြင်ကွင်းမှာ ပေါ်လာချင်ပေါ်လာပါလိမ့်မယ်။ စိုးလှိုင်လို လူမျိုး ပြည်သူ့ဘက်ကူး ပြောင်းလာတယ်ဆိုရင်တော့ သူ့ဘာကြီးပဲ လုပ်ခဲ့လုပ်ခဲ့ အခုချိန်မှ ပြည်သူ့ကကို ပူးပေါင်းပြီး အမှန် တရား ကို ဝိုင်းဝန်းဖော်ထုတ်မယ်။ သူ့ကိုခိုင်းခဲ့တဲ့ နိုင်နိုင်ဦးအပါအဝင် ကစထမှူး တွေအဆင့်ဆင့်နဲ့ မင်းအောင်လှိုင်တို့ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေဖော်ထုတ်ဖို့ ပြည်သူ့ခုံရုံးမှာ သက် သေအဖြစ်ထွက်ဆို ပေးမယ်ဆိုရင်တော့ စိုးလှိုင်ဟာ ကျနော့်သူငယ်ချင်းပါပဲ ။ လူလို့ သတ်မှတ်မှာ ဖြစ်ပါတယ်။” ဟု ဗိုလ်ကြီးနေမျိုးဇင်က ပြောကြားသည်။

လားရှိုးမြို့အခြေစိုက် ရမခ ဌာနချုပ်သိမ်းပိုက်ခံရမှုအတွင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဘဝမှ ဖြုတ်ချခံရသည့် ဗိုလ်ချုပ်စိုးတင့် (ခ) မာမီစိုးကြီး၊ လက်တလောကာလတွင် ရာထူး တိုးမြှင့် ပေးခြင်းခံခဲ့ရသော စစ်ဒေသကွက်ကဲရေးဌာနချုပ် ၁ စကခ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနှင့် အရှေ့ မြောက်ပိုင်းတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို MNDAA ပူးပေါင်းတပ်ဖွဲ့က ဖမ်း ဆီးရရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဗိုလ်ချုပ်ဆိုတဲ့ အရင်တိုင်းမှူးကို အရေးယူထားတယ်၊ နောက်ထပ်တစ်လလောက်ပဲရှိသေးတဲ့ အ သစ်ခန့် ထားတဲ့ တိုင်းမှူး စိုးလှိုင် သူ့ကို စစ်ပြေးမှုနဲ့ အမှု ဖွင့်တယ်တဲ့။ တိုင်းမှူး စစ်ပြေးရတဲ့အဆင့် ဆိုတော့။ မနေ့ကပဲ ကျနော်ပြောပြီးပြီ။ တေဇ ၂၄ က အောင်ကျော်မိုး။ စကခ ၁၂ မှူး စစ်ကူအတင်း လိုက်ခိုင်းတယ်။ ရမခကြီးကျသွားလို့။ သူလည်း ဖို့သီ ဖတ်သီနဲ့လိုက်တယ်။ ဒါပေမယ့်သူ့အောက်က တပ်ရင်းမှူးတွေ၊ သူ့အောက်က အရာရှိတွေက ထွက် ပြေးတယ်။ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ် စစ်ကူအားချင်းလိုက် ရှာပါတယ် ၊လိုက်ပေမယ့် သူ့အောက်က တပ် ရင်းမှူးတွေက ထွက်ပြေးသွားတယ်၊ တပ်ရင်းမှူးတွေ ထွက်ပြေးသွားတော့ တပ်ရင်းမှူးမရှိတော့တဲ့ တပ်ကြီးဘာသွားလုပ်မှာတုန်း။ ဘယ်လိုမှလည်း အမိန့် ပေးလို့မရ။ အထက်ကဆိုလည်း အတင်းတွေ လိုက်ခိုင်း၊ ဖိအားတွေစွပ်ပေး၊ နောက်ဆုံးမခံနိုင်တဲ့ အဆုံး သူ့ကိုယ်သူ သတ်သေသွားတာပဲ” ဟု ဗိုလ်ကြီးနေမျိုးဇင်က ပြောဆိုသည်။

 

မင်းအောင်လှိုင်၏ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကြီးတွင် ထမ်းဆောင်နေကြသော တိုင်းမှူးအောက် အဆင့်ရှိ ဗျူဟာမှူး၊ တပ်မမှူး၊ တပ်ရင်းမှူးများအနေဖြင့်လည်း လူမိုက်အားပေးဆက်လက်လုပ်ကိုင် မနေ ကြတော့ပဲ ပြည်သူလူထုနှင့်အမြန်ပူးပေါင်းမည်ဆိုပါက ကြိုဆိုသွားမည်ဖြစ်ပြီး အမြန်ဆုံးဆက် သွယ်ကြပါရန် ၎င်းကဆက်လက်တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *