KNU News

0 0
Read Time:2 Minute, 0 Second

မူတြော်ခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ ၁၀၁ ကြိမ်ဖြစ်ပြီး စစ်သား ၅၂ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၄

 

ကရင်ပြည်နယ်၊ မူတြော်ခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ မူတြော်ခရိုင် အတွင်း၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပေါင်း (၁၀၁)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်း တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သား ၅၂ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကောင်စီ၏ အဆောက်အဦး ၂ ခု ထိခိုက်ပျက်စီးပြီး မြင်း ၂ ကောင် သေဆုံး ခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟ ၅ နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ များဘက်မှ ထိခိုက်မှု တစုံတရာမျှမရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်းမှသာ ရိက္ခာ များ ချပေးခြင်းတို့ လုပ်ဆောင်နိုင်တော့ပြီး လက်နက်ကြီးများ နှင့် လေကြောင်းတို့မှ ပြည်သူ လူထု များနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ပစ်မှတ် ထား တိုက်ခဲ့ခြင်းများကိုလည်း အကြိမ်ရေများစွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *