TNLA News

0 0
Read Time:1 Minute, 33 Second

ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဩဂုတ်လ ၃ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ရက် (၄၀) မြောက်နေ့ နံနက် ၉ နာရီ အချိန် တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား တအာင်းတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြားစေတီအနီး တဝိုက်တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၉) ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် Y12 ဖြင့် ဂေါက်ကွင်းအနီးတဝိုက်နှင့် ခမရ – ၅၀၁ စခန်းအနီးသို့ ဗုံး (၂၂)လုံး လာရောက်ကြဲ ချခဲ့ကြောင်း၊ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ Y12 ဖြင့် လက်နက်ခဲယမ်း များ (၉)ကြိမ်လာရောက် ကြဲချပေးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *