MNDAA News

0 0
Read Time:3 Minute, 14 Second

လားရှိုးမြို့တပ်ဆေးရုံတွင် စွန့်ပစ်ခံဒဏ်ရာရသူစစ်သားများနှင့် ၎င်းစစ်သားများ၏ မိသားစုဝင် ၄၇၀ ကျော်ကို MNDAA ကယ်တင်

 

D Day News

ဩဂုတ်လ ၃

 

လားရှိုးမြို့တပ်မတော်ဆေးရုံတွင် အပြင်းအထန်ခုခံနေသော အကြမ်းဖက်စစ်သားများက ဒဏ်ရာရ စစ်သားများနှင့် ၎င်းစစ်သားများ၏မိသားစုဝင် ၄၇၀ ကျော်ကို စွန့်ပစ်ကာ ထွက်ပြေးသွားသဖြင့် ကယ်တင်ခဲ့ရကြောင်း MNDAA က ထုတ်ပြန်သည်။

 

ဩဂုတ်လ ၁ ရက်နေ့တွင် MNDAA တပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အတွင်း၌ ကျန်ရစ်နေသော စစ်ကောင်စီတပ်သားများအား ဆက်လက်တိုက်ခိုက်ချေမှုန်းချိန်တွင် တိုင်းစစ်ဌာနချုပ်၏ တပ်မတော်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆေးရုံ ဝန်ထမ်းများသည် အချိန်အတော်ကြာခုခံတိုက်ခိုက်ပြီးနောက် ဒဏ်ရာရရှိသူ အများအပြားနှင့် ၎င်း တို့၏ မိသားစုဝင်များ စုစုပေါင်း လူပေါင်း ၄၇၀ ကျော်ကို တပ်မတော်ဆေးရုံတွင် စွန့်ပယ်ထားခဲ့ ကြောင်း သိရသည်။

 

ထိုသို့ စွန့်ပစ်ထားခဲ့ခံရသူများမှာ ပြင်းထန်စွာဒဏ်ရာရသူများဖြစ်ပြီး အများစုမှာ မသန်စွမ်းသည့် အောက်ခြေစစ်သားများဖြစ်ကြောင်း၊ ၎င်းတို့၏အထက်အရာရှိများနှင့် ရဲဘော် ရဲဘက်များက ရက် ရက်စက်စက်စွန့်ပယ်ခဲ့ပြီး ထွက်ခွာသွားသည့်အချိန်တွင် MNDAA တပ်ဖွဲ့ဝင်များက လုံခြုံသည့် နေရာသို့ ပြောင်းရွှေ့ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

 

ဒဏ်ရာရရှိ သူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လုံခြုံရာသို့လွှဲပြောင်းစဉ် မသန်စွမ်းသော အာဏာ သိမ်း စစ်သားများကို MNDAA တပ်သားများက တစ်လမ်းလုံးကျောပေါ်တင်ပြီးပြောင်းရွှေ့ခြင်း၊ ပြင်း ထန်စွာဒဏ်ရာရရှိသူအချို့ကို ပြောင်းရွှေ့ ရင်းပင် ကုသကယ်ဆယ်ခြင်းများပြုလုပ်ပေးခဲ့ရသည် ဟု ဆိုသည်။

 

လားရှိုးမြို့တိုက်ပွဲမစတင်မီကပင် လားရှိုးမြို့ရှိ အာဏာသိမ်းတပ်၏အကြီးတန်းအရာရှိများက ၎င်း တို့၏ မိသားစုများကို ရွှေ့ပြောင်းရန် စီစဉ်ခဲ့ပြီး အချိန်မှီမပြောင်း‌‌ရွှေ့ရသေးသော မိသားစုဝင် များကို ရဟတ်ယာဥ်များဖြင့် လာ‌ရောက်ခေါ်ဆောင်သွားကြောင်း၊ အောက်ခြေစစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အရွှေ့အပြောင်းမပြုရဟု အမိန့်ထုတ်ပြန်ထားကြောင်းဟု ဒဏ်ရာရသူထံများမှ သိရှိရသည်။

 

ယခုဖြစ်ရပ်သည် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အတွင်း၌ ကြီးလေးသော လူတန်းစားခွဲခြားမှု ကို ထင်ထင် ရှား ရှားတွေ့မြင်နိုင်ပြီး အောက်ခြေစစ်သားများ၏ ဘဝသည် ရာထူးကြီးသော အရာရှိ များ၏ နိုင်ထက်စီးနင်းခံရခြင်း၊ စွန့်ပယ်ခြင်း၊ စစ်မြေပြင်တွင် ကိုယ်အားကိုယ်ကိုးပြီး ရှင်သန်နေရခြင်း စသည့်ဖြစ်ရပ်များကို နိုင်ငံတစ်ဝှမ်းတွင် ခဏခဏတွေ့မြင်နိုင်ကြောင်း MNDAA က အသိပေးထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *