MNDAA News

0 0
Read Time:3 Minute, 30 Second

လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိ ၊ စစ်ကူပေးရန်တက်လာသည့် စကခ ၁၂ မှူး ဗိုလ်မှူးကြီးအောင်ကျော်မိုး မိမိကိုယ်ကိုပစ်ခတ်အဆုံးစီရင် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိ ပြီဖြစ်ပြီး စစ်ကူပေးရန်လာရောက်သည့် စကခ ၁၂ ဌာနမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုးသည်လည်း အဆုံးစီရင်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၃ ရက် နံနက်အစောပိုင်းတွင် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက အပြီး သတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနေဖြင့် လက်နက်ချခြင်း၊ ထွက်ပြေးခြင်း တစ်ခုခုဖြစ်နိုင် ကြောင်း၊ ရမခ သိမ်းပိုက်နိုင်မှုသည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် တစ်ခုကို ချေမှုန်း သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က ကျနော်တို့သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့ လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်းရှိနိုင်တယ်။ ရမခ က အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ်လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောကြားသည်။

 

ထို့ပြင် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများ အားလုံး ထွက်ပြေး သွားပြီဖြစ်ကာ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ ခြေကုတ်ယူ၍ နယ်မြေ ရှင်းလင်းနိုင်ပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ ပြောဆိုထားသည်။

 

လားရှိုးမြို့ကို စစ်ကူပေးရန် ကရင်ပြည်နယ်၊ ကော့ကရိတ် အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ်ချုပ်၊ ဗိုလ်မှူးကြီး အောင်ကျော်မိုးဦးဆောင်သော စစ်ယာဉ်တန်း ၁၉ စီးပါ ယာဉ်တန်းကို တန့်ယန်းမြို့နယ်၊ ဟိုနကျေးရွာအနီး၌ MNDAA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ကကြား ဖြတ်တိုက်ခိုက်မှုခံခဲ့ရပြီးနောက် ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် စကခမှူး ဗိုလ်မှူးကြီး အောင်ကျော်မိုးသည် ကိုယ်ကိုကိုယ်ပစ်သတ်ကာ အဆုံးစီရင်သွားကြောင်း သိရသည်။

 

“ရမခ ကျသွားလို့ အမြန်ဆုံး စစ်ကူလိုက်နေရတဲ့ စကခ ၁၂ (ကော့ကရိတ်) စစ်ကြောင်း ဟိုနရွာ စခန်းမှာ တိုက်ပွဲဖြစ်ပြီး စကခမှူး ကာနယ် အောင်ကျော်မိုး ဆူဆိုက်၊ ဟန်းကောမှူး ခြေထောက် ကျည်ထိမှန် သွင်သွင်ကျိုးဒဏ်ရာရ၊ နေပူတော် စစ်ရုံးချုပ်နဲ့ ရမခ အဆက်အသွယ်ပြတ်တောက် လျက်ရှိ” ဟု CDM ဗိုလ်ကြီးဇင်ယော်က တပ်တွင်းသတင်းရင်းမြစ်များကို အခြေခံပြီး ၎င်း၏ လူမှု ကွန်ယက်၌ ရေးသားချပြထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *