Karenni News

0 0
Read Time:7 Minute, 35 Second

ကရင်နီပြည်နယ်တွင် ဇူလိုင်လတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၅၀ သေဆုံးပြီး လက်နက် ၃၄ သိမ်းဆည်းရရှိ၊ လွိုင်ကော်မြို့ပေါ်ရှိ ပြည်သူ့နေအိမ် အလုံး ၉၀ ကျော်ကို စစ်တပ်က ဗုံးကျဲမီးရှို့ ဖျက်ဆီး

 

D Day News

ဩဂုတ်လ ၃

 

ကရင်နီပြည်နယ်နယ်တွင် ဇူလိုင်လအ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၅၀ ကျော် သေဆုံး ပြီး လက်နက် ၃၄ နှင့်သိမ်းဆည်းရရှိကာ လွိုင်ကော်မြို့ပေါ်ရှိ ပြည်သူ့နေအိမ် အလုံး ၉၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

 

ဇူလိုင်လ ၄ ရက်နေ့ကလွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ရွာတန်းရှည် ၊GTC ကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသ နှင့် ပန်ကန်းတို့ဘက်သို့ အင်အားဖြည့် တင်းပြီး စစ်မျက်နှာများဖြန့်ခွဲကာဝင် ရောက်လာ သော အကြမ်းဖက်စစ်သားများကို ဇူလိုင်လ ၁ လ လုံး တိုက်ပွဲဖြစ်ခဲ့ကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ငယ် ၄ လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲကာအတွင်း အကြမ်းဖက်စစ်သား ၁ ဦး လက်နက်ငယ် ၁ လက်နှင့်အတူ KNDF ထံ လာ ရောက်အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုအတူ နာနတ်တော ၊ ထေးငှားလျားရပ်ကွက် နှင့် ဘာဒိုကျေးရွာ ၊ ထီရိကျေးရွာများ ဖက်တွင် စစ် ကြောင်းထိုးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို  KNDF မှ တန်ပြန်တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်ဖက်သို့  ဦးတည်သော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်း အင်အား ၅၀၀ ကျော်ပါသောစစ်ကြောင်းသည့် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ထိ တစ်လကြာ ပင်လောင်းဖက်မှ ဆောင်းပြောင်း ၊ နောင်ဝိုးဖက်သို့ စစ်ကြောင်းထိုးလာခဲ့သဖြင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များမှ ဇွန်လ ၃၀ ရက်နေ့မှစ၍ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် လ ၂ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ် ကြောင်းများမှ ၂၀ ဦး နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဆောင်းပြောင်းရှိ အထိုင်စခန်းကုန်း ၁ ခု နှင့် ရဲစခန်းတို့အား ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ သိမ်းပိုက် မီးရှိရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ငယ်စုံ ၁၅ လက်နှင့် ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့ရှိခဲ့ကြောင်း သိရသည်။

 

နောင်ဝိုးဖက်ထိ ရောက်ရှိလာသော စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းများသည် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့်  အထိခိုက်များစွာြဖင့် ဆောင်းပြောင်းဖက်သို့ ပြန်လည်ဆုပ်ခွာသွားခဲ့သည်ဟုဆိုသည်။

 

အလားတူ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍  ညောင်ရွှေမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အစပ်တွင်ရှိသော  မှော် ဘီ – ဆီဆိုင် လမ်းပေါ်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းထားသော လွယ်လုံစခန်းကုန်း ၊ စစ်ဆေးရေးဂိတ်တို့ကို  ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ  စခန်းကုန်း ၂ ခုနှင့် စစ်ဆေးရေးဂိတ်တို့ကို မီးရှိရှင်းလင်းနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃၀ ကျော် သုတ်သင်နိုင်ခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ငယ် ၁၅ လက်နှင့် ခဲယမ်း ၊မီးကျောက်များ ၊ အသုံး အဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ (၁)လတာ အတွင်းနှင့် လက်ရှိချိန်ထိ ဆောင်းပြောင်း ၊ ဖယ်ခုံနှင့် ညောင်ရွှေနယ်စပ်ရှိ  စံ ကား ၊ မှော်ဘီဖက်တို့တွင် စစ်ကောင်စီ၏ စစ်ကြောင်းများဆက်ရှိနေ၍ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

 

ဖားဆောင်းမြို့ရှိ စစ်ကောင်စီ၏အခြေစိုက်တပ်များနှင့် ကာကင်းစခန်းများကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များမှ စဉ်ဆက်မပြက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ထိတွေ့တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ကြောင်း၊ ထိုအတူ ဒီးမောဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ် ၄၂၇ တပ်ဖက်မှ စစ် ကြောင်းတစ်ခုသည်   ဒီးမော့ဆို – ၆ မိုင်လမ်းမကြီးပေါ် ရှိ ဒေါခလိုက်လင်းကျေးရွာဖက်သို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရောက်ရှိလာခဲ့သဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တန်ပြန် တိုက်ခိုက် ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကရင်နီပြည်နယ်တွင် ဇူလိုင်လ ၁ လတာအတွင်း လွိင်ကော် ၊ ဖားဆောင်း နှင့် ဒီးမော့ဆိုမြို့ နယ်များ တွင် လည်းကောင်း၊ ကရင်နီနှင့် ရှမ်းတောင်နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေမြို့နယ်များ တွင် လည်းကောာင်း၊ လွိုင်ကော်မြို့ ထေးငှားလျား ၊ နာနတ်တော ၊ဘာဒို ၊  ထီရိ  ၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ နှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တစ်လျှောက်တွင်လည်းကောင်း အကြမ်းဖက်စစ်‌ ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတောင်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲ များအတွင်း  အသက်ပေးသွားခဲ့ရသည့် KNDF  ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစားမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်းKNDF ဗဟိုက ထုတ်ပြန်ထားသည်။

 

လွိင်ကော်မြို့တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၅ ဦး အထက် သေဆုံးမှုရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ ထိုအတူ စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုင်ခြင်း နှင့် မီးရှိဖျက်ဆီးခြင်းများကြောင့် လွိုင် ကော်မြို့၊ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းတစ်လျှောက်ရှိ ပြည်သူလူထု နေအိမ် ၉၀ ကျော် မီး လောင် ပျက်ဆီးခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် ဇူလိုင်လ ၁ ရက် မွန်းလွဲ ၁ နာရီကျော်အချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်လာ ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်နေအိမ် ၅ လုံးခန့်နှင့် စာသင်ကျောင်းတစ်ခု ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *