NUG News

0 0
Read Time:3 Minute, 51 Second

နွေဦးတော်လှန်ရေးသည် ပြည်သူလူထု အင်အားဖြင့် ရှေ့ဆက်နေသဖြင့် ပြည်သူလူထုယုံကြည်မှု မပျောက်ဆုံးရန် ပကဖ၊ ပအဖ၊ ပလဖများကို မန်းဝင်းခိုင်သန်း အထူး မှာကြား

 

D Day News

ဩဂုတ်လ ၂

 

နွေဦးတော်လှန်ရေးသည် ပြည်သူလူထုအင်အားဖြင့် ရှေ့ဆက်နေခြင်းဖြစ်သဖြင့် ပြည်သူလူထုယုံ ကြည်မှု မပျောက်ဆုံးစေရန် ပကဖ၊ ပအဖ၊ ပလဖ များကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ကအထူး မှာကြားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁ ရက်နံနက် ၁၀ နာရီက ကျင်းပသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ် ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းမှာကြားခဲ့ ခြင်းဖြစ်သည်။

 

“ပြည်သူ့အင်အားနဲ့ ရှေ့ဆက်နေကြတဲ့ ဒီခရီးမှာ ပြည်သူတွေရဲ့ ယုံကြည်ချက် မပျောက်ဆုံးသွား အောင် ကြိုးပမ်းကြဖို့ အထူးမှာကြားလိုပါတယ်၊ မြို့နယ်တွေအတွင်းက လူထုသပိတ်အင်အားစု တွေနဲ့လည်း ပေါင်းစပ်လုပ်ဆောင်နိုင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအင်အားစုတွေဟာ ပြည်သူနဲ့ အမြဲမပြတ် ထိတွေ့ပြီး တော်လှန်ရေးမှာ ပြည်သူပါဝင်မှု အချိတ်အဆက်မပြတ်တောက်စေဖို့ ကြိုး စားဆောင်ရွက်ပေးနေတာတွေကလည်း တော်လှန်ရေးရဲ့ တစ်ထောင့်တစ်နေရာကနေ ကျရာတာဝန် တွေကို ကျေပွန်စွာ ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင် သန်းက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီသည် မတရားရယူထားသည့် အာဏာကို လက်မလွှတ်ချင်သဖြင့် နောက် ဆုံးအချိန်အထိ ဖက်တွယ်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း၊ သို့သော်လည်း တော်လှန်ရေး ကာလ ၃ နှစ်ကျော်လာချိန်တွင် တော်လှန်ရေးအင်အားစုများ၏ ထိုးဖောက်မှုဒဏ်ကို မခံနိုင်တော့ပဲ နယ်မြေများ တစ်ခုပြီးတစ်ခုလက်လွှတ်ဆုံးနေရသည်ကို မြင်တွေ့ရသဖြင့် ပြည်သူလူထုအတွက်စိတ် အားတက်ကြွရသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“အခုရက်ပိုင်းအတွင်း ဒေသအတော်များများမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေတာကြောင့်ရော၊ စစ် ရေး အခြေအနေတွေကြောင့်ရော နေရပ်စွန့်ခွာနေကြတဲ့ ပြည်သူတွေလည်း အများအပြားဖြစ်နေ ပါကြောင်း။ ဒါ့ကြောင့် ဒီလိုဘေးဒုက္ခအမျိုးမျိုးကြောင့် မိမိတို့ နေရပ်ကို စွန့်ခွာ ထွက်ပြေးကြတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာက ထိရောက်တဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အမြန်ဆုံးရရှိနိုင်ဖို့ကိုလည်း ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြဖို့ လိုပါကြောင်း တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂ နာရီအချိန် တွင် အောင်မြင်စွာရပ်နားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *