Myingyan News

0 0
Read Time:1 Minute, 22 Second

မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်ရင်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၅ တပ်ရင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Anyar Federal Task Force – AFTF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁ ရက် နေ့က မြင်းခြံမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၅ တပ်ရင်း ကို 40 mm တာဝေးပစ်‌ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး လည်ပင်း ကျည်စ ထိမှန် ပေါက်ထွက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသွားကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရခြင်းမှာ မကြာမီကာလအတွင်း တော်လှန်ရေး အင်အားစုများမှ အကြမ်းဖက်စစ် ကောင်စီ တပ်စခန်းများကို တိုက် ခိုက်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) ၊ Freedom Fighter Guerrilla Force (FFGF)နှင့် 8 Star ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *