Myingyan News

0 0
Read Time:3 Minute, 7 Second

နွားထိုးကြီးနှင့်မြင်းခြံမြို့နယ်ရှိအကြမ်းဖက်စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား၊ ရဲ ၇ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁

 

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့်မြင်းခြံမြို့နယ်ကြားရှိကျေးရွာများကို လှည့်ပတ်မီးရှို့နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ၊ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၇ ဦး သေဆုံး ခဲ့ကြောင်း Anyar Federal Task Force (AFTF) ထံမှ သိရသည်။

 

ဇူလိုင်လ ၂၉ ရက်နေ့က မြင်းခြံမြို့နယ်၊ လေးရွာဆုံ ပျူရွာ၌ တပ်စွဲထားသောအကြမ်းဖက် စစ်သား များကို Shar-Htoo-waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ခိုက်မှုအတွင်း မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ၃ ချက် ပြန်လည်ပစ်ခတ်ကာ ပစ်ခတ်ပေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို  Anyar Federal Task Force(AFTF)နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Freedom Fighter Guerrilla Force (FFGF) ၊ 8 Stars ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း ကာတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ်သားများသည် နွားထိုးကြီးမြို့နယ် နှင့်မြင်းခြံမြို့နယ်ကြားရှိ ကျေးရွာများကို လှည့်ပတ်မီးရှို့ပြီး နွားထိုးကြီးမြို့နယ်၊ ခံစပ် ကုန်းကျေးရွာ သို့ ရောက်ရှိစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးလဲကျသေ ဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG အဖူး ၃ ဖူး၊အီနာဂါ ၅ လုံး၊ လက် ပစ်ဗုံး fuze နှစ်ခု ၊ ၆၀ မမ အဖူး ၁ ဖူး၊ဖုန်း ၂ လုံး ၊MA ကျဉ်ဘောက် ၃ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထို့အတူ ဇွန်လ ၈ ရက် နေ့က မြင်းခြံ – နွားထိုးကြီး လမ်းပိုင်းတွင် အကြမ်းဖက် တပ်သားများ လိုက်ပါ လာသော 4×4 ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၁ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Anyar Federal Task Force (AFTF)တပ်ဖွဲ့၊ Freedom Fighter Guerrilla Force (FFGF) ၊ 8stars မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၄) နှင့် မြင်းခြံခရိုင် ပ.က.ဖ တို့ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *