MNDAA News

0 0
Read Time:5 Minute, 37 Second

စစ်ကောင်စီသည် ပြည်သူလူထုနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ပြည်သူလူထုနေအိမ်များကို ဗုံးကျဲတိုက် ခိုက်သတ်ဖြတ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြင်းပြင်းထန်ထန်အရေးယူပေးပါရန် MNDAA ထုတ်ပြန်တိုက်တွန်း

 

  • လောက်ကိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်မှု ဆေးရုံဝန်ထမ်းတစ်ဦးသေဆုံးပြီး နေအိမ်အဆောက် အအုံများ ထိခိုက်ပျက်စီး

 

D Day News

ဩဂုတ်လ ၂

 

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ပြည်သူလူထုနေအိမ်များကို ဗုံးကျဲ တိုက်ခိုက်သတ်ဖြတ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးပါရန် MNDAA က ထုတ်ပြန်တိုက်တွန်းလိုက်သည်။

 

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အရပ်သားနေအိမ်များကို ဦး တည်ပြီး ရည်ရွယ် ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင်ဦးဆောင်သော စစ် ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်မဲ့ပြည်သူများကို ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်နေမှုအား ပြင်း ထန်စွာရှုတ်ချကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ချိုးဖောက်နေ သော အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူပေးပါရန် ဆက်လက်တိုက်တွန်းထား သည်။

Photo – ရွှေဖီမြေ (အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင် ​ဆေးရုံ နှင့် အနီးတဝိုက် အပျက်အစီးများကို ယနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းက ရှင်းလင်းနေစဉ်)

MNDAA အဖွဲ့အစည်းအနေဖြင့် လူနေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို လုံးဝဖော်ဆောင်မည်မဟုတ်ကြောင်း၊ လားရှိုးမြို့အတွင်းရှိ လူနေအိမ်များ၊ ဆေးရုံများ၊ ဘုရားကျောင်းများ နှင့် စာသင်ကျောင်းများကို စစ်ကောင်စီတို့က တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ် ကြောင်း MNDAA က ပြောကြားသည်။

 

အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက် ခိုက် သည်မှာ ၃ နှစ်တာကာလအတွင်း၌ လုပ်လေ့လုပ်ထရှိတဲ့လုပ်ရပ်တစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူ လိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချိုတိုက်ပွဲများတွင် အထိနာပြီး တိုက်ပွဲများတောက်လျှောက်ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီတို့သည် လောက်ကိုင်မြို့တော်နှင့် သိန္နီ ခရိုင်အတွင်းရှိ အရပ်သားနေထိုင်ရာဒေသများကို လေယာဉ်များဖြင့် ထပ်ခါတလဲလဲ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထောက်ပြထားသည်။

 

အကြမ်းဖက်စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံ၊ မြို့မဈေး နှင့် ဟိုတယ်စသည့် လူစုလူဝေးရှိ ရာ နေရာများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တစ်လအတွင်း၌ ဒေသနေအရပ်သား အ နည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦးဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်က စစ်မြေပြင်မဟုတ်သည့် လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို Heavy weight ဗုံးသီး ၄ လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းဗုံးသီး ၄ လုံး အနက် ၂ လုံးမှာ အထူးဒေသ ၁ ၊ အမှတ် ၂ ပြည်သူ့ဆေးရုံ နှင့် ဘေးရှိအဆောက်အဦးများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့နောက် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရှီးယွမ်ကျည်ရွာသို့ ဗုံးသီး ၁၇ လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗုံးကျဲ တိက်ခိုက်မှုများကြောင့် အထူးဒေသ ၁ ၊ အမှတ် ၂ ပြည်သူ့ဆေးရုံး၏ လုံခြုံရေးဝန် ထမ်း ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဆေးရုံတက်နေသောလူနာ ၂ ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိခဲ့ ကာ အသေးစားဒဏ်ရာရရှိသူများလည်း အမြောက်အများရှိခဲ့ကြောင်း၊ ထို့ပြင် အရပ်သားနေအိမ်များ၊ ဟိုတယ်များနှင့် မော်တော်ကားများလည်း ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *