ULA/AA News

0 0
Read Time:5 Minute, 3 Second

သံတွဲ၊ ဂွမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွား မည်ဖြစ်ပြီး ၎င်းမြို့တို့အနီးပတ်ဝန်းကျင်နှင့်ရေတပ်စခန်းများအနီး ဖြတ်သန်းသွားလာခြင်း မပြုကြ ရန် AA က အရေးပေါ်ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၁

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး ၎င်းမြို့တို့အနီးပတ်ဝန်းကျင်နှင့် ပင်လယ်ပြင်အတွင်းရှိ စစ်ကောင်စီ၏ ရေတပ်စခန်းများအနီး၌ ခရီးသွားလာမှုများ မပြုလုပ်ကြရန် ရခိုင့်တပ်တော် – AA က အရေးပေါ် ထုတ်ပြန်သည်။

 

အာရက္ခတပ်တော်သည်၊ ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့ကို ဇူလိုင်လ ၁၆ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် အပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးဖြစ်သော်လည်း မြပြင်၊ ဂျိတ်တော အပါအဝင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားခဲ့ရသည့် စခန်းများနှင့် သံတွဲမြို့ကို ပြန်လည်ရယူနိုင်ရန်အတွက် အရပ်သား စစ်ကောင်စီ တပ်သားများက အယောင်ဆောင်၍ စစ်အင်အားများ ထပ်မံဖြည့်တင်းလျက်ရှိကြောင်း သိရ သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထောက်ပို့လုပ်ငန်းများကို ဆောင်ရွက် နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း အရပ်သားဟန်ဆောင်ပြီး သံတွဲမြို့တွင်း၌ ဖောက်ထွင်း၊ ခိုးယူ၊ လုယက်နေ ကြသည့်အပြင် လက်နက်ကိုင်ပြီး ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေကြသော စစ်ကောင်စီ၏ အုပ်စုငယ်များနှင့် အာရက္ခတပ်တော်တို့ကြား မြပြင်၊ ဂျိတ်တော၊ ကွင်းဝိုင်းတို့တွင် တိုက်ပွဲများ ရံဖန် ရံခါ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ မောင်ရွှေလေး ရေတပ်စခန်းနှင့် ဘင်္ဂလားပင်လယ်ပြင်ထက်၌ တပ်စွဲထားသော ရေ တပ် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးပစ်ကူများနှင့်အတူ အထက်ဖော်ပြပါနေရာများကို ပြန် လည် ထိုးစစ်ဆင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိ ကြောင်း သိရသည်။

 

အလားတူ သံတွဲမြို့၏ မြောက်ဘက်တွင်ရှိသော “တောင်ကုတ်မြို့” နှင့် တောင်ဘက်၌ရှိသော “ဂွ” မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းများအပါအဝင် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စစ်စခန်းများ အားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ရခိုင့်တပ်တော် – AA က အသိပေးထားသည်။

 

စစ်ရှုံးစစ်ကောင်စီသည် အရပ်သားမော်တော်ဘုတ်များကိုအသုံးပြု၍ ရေကြောင်းမှတစ်ဆင့် စစ်အင် အား ထပ်မံဖြည့်တင်းခြင်း၊ ရိက္ခာနှင့်စစ်လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ခြင်းများကို ဆက် တိုက် ပြုလုပ်လျက်ရှိသဖြင့် သံတွဲ နှင့် ဂွ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်ထဲတွင် စစ်ရေးလှုပ်ရှားမှု၊ စစ် ရေး ပြင်ဆင်နေ မှုများကို အထောက်အကူပြုနေသော အရပ်ဘက်မော်တော်ဘုတ်များ၊ လောင်းလှေ များကို  ဩဂုတ်လ ၁ ရက်နေ့မှစ၍ သွားလာခြင်း ရက်အကန့် အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အသိပေးထုတ်ပြန်ထာသည်။

 

တစ်ဆက်တည်းတွင် အရပ်သားမော်တော်ဘုတ်များအနေဖြင့် စစ်ကောင်စီ၏ အကျပ်ကိုင်ဖိအားပေး ခိုင်းစေခြင်းမျိုးကို လိုက်နာဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမျိုး မပြုလုပ်ကြရန် အကယ်၍ အရေးပေါ် ကျန်းမာရေး (သို့မဟုတ်) မဖြစ်မနေ သွားလာရမည့် ကိစ္စများရှိပါက သက်ဆိုင်ရာ၊ နီးစပ် ရာ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများကို ဆက်သွယ်၍ သတ်မှတ်ထားသော လမ်းကြောင်း၊ အမှတ် အသားများကို ပြုလုပ်၍ သွားလာကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ထို့အပြင် မည်သူမဆို ရခိုင့်တပ်တော် က လုံခြုံရေးယူထားသော နေရာများ၌ ကြည်ဖြူစွာ စစ်ဆေး ခြင်း ကို ခံယူရပါမည်ဖြစ်ပြီး ယခုထုတ်ပြန်ကြေညာချက်အား ယနေ့နေ့မှစ၍ ရုပ်သိမ်းကြောင်း မ ထုတ် ပြန်မချင်း မိဘပြည်သူများ အနေဖြင့် သံတွဲ နှင့် ဂွ မြို့များအနီး ပင်လယ်ပြင်အတွင်း ဖြတ်သန်း သွားလာခြင်း လုံးဝမပြုလုပ်ကြရန် အသိပေးမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *