TNLA News

0 0
Read Time:4 Minute, 27 Second

မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းပေါင်း ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၆၀၀ ကျော်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ ကျော်ကာလ အတွင်း မိုးကုတ်၊နောင်ချိုနှင့်မိုးမိတ်မြို့နယ် ၃ မြို့နယ်ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ် ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၃၁ ရက်မွန်းလွဲ ၁ နာရီခန့်က တအာင်းပြည်နယ် တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ် မြို့နယ်ရှိ စစ်ကောင်စီ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ် ကဲနေသည့် တပ်စခန်းအားလုံးကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဇွန်လ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ သီတင်းပတ် (၄)ပတ်ကြာ ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇ )စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက် ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန် ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်နိုင်ငံရရှိခဲ့ပြီဖြစ်ပြီး မိုးမိတ် မြို့သည် စစ်ကောင်စီ  စကခ-၂၁ လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၂၃၊ ၂၇၆ နှင့် ခမရ-၃၄၈ တို လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့ ဖြစ်ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေ ကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက် နက်ခဲယမ်း များ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိင်းဖိုက်(၃) လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁) လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ ရှင်းလင်း သိမ်းဆည်း ရရှိပြီးဖြစ်ကြောင်း၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက် ရာတွင် လက်နက်မျိုးစုံ (၄၀၀) ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက် ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ (၃) ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရ၊ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှ  ဇူလိုင် ၃၁ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အ တွင်း တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့နှင့် မိုးကုတ်မြို့နှင့်တတိမြောက်မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *