Thanphyuzayat News

0 0
Read Time:1 Minute, 58 Second

သံဖြူဇရပ်မြို့နယ်၊ ဝဲခမိရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁

 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် ဝဲ အမှတ် ၈ ဝဲခမီကျေးရွာအနီး တိုက်ပွဲ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရ သည်။

 

ဇူလိုင် ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း နှစ် ကြောင်း ခွဲကာ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်သားများကို အမှတ် ၈ ပြည်ထောင်စုလမ်းမ ပေါ် ဝဲခမိ ကျေးရွာနှင့်  ရွာသာအေးကျေးရွာကြားအရောက် တော်လှန်ရေးအင်အားစု ပူးပေါင်း တပ် များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်သား ၆ ဦးသေဆုံးကာ ၈ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း (KNLA ၊ PDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး ဝဲခမီ၊ ရွာသာအေးအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာနေပြည်သူများမှာ စစ်ဘေးလွတ်ရာတိမ်း ရှောင်နေခဲ့ကြရကြောင်း သိရသည်။

 

ဇူလိုင်လ တတိယအပတ်မှစ၍ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်သည့် သံဖြူဇရပ်- ထားလမ်းပိုင်း ကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ခဲ့ရာ တော်လှန် ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲ ဖြစ် နေပြီး မိဘပြည်သူများအနေဖြင့် မလိုအပ်ပဲ ခရီးသွားလာခြင်းမပြုကြ ရန် တော်လှန်ရေးတပ်ဖွဲ့ များက မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *