Taunggu News

0 0
Read Time:3 Minute, 27 Second

တောင်ငူမြို့နယ်၊ ထိုးဝါးချောင်းရွာနှင့် ကျွန်းကုန်းရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကား တစ်စီး တိမ်းမှောက်ကာ စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁

 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ထိုးဝါးချောင်းရွာနှင့် ကျွန်းကုန်းရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကား တစ်စီး တိမ်းမှောက်ကာ စစ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၇ သိမ်းဆည်းရရှိခဲ့ကြောင်း ကမ်းနီ ကြားဒေသကာကွယ်ရေးတပ်ဖွဲ့ (KenniTwilightZone) ထံမှ သိရသည်။

 

ဇူလိုင်လ ၂၁ ရက်နေ့က ညနေ ၆ နာရီ ၄၅ မိနစ်အချိန်က တောင်ငူမြို့မှ လိပ်သိုလမ်းပိုင်းရှိ ခလရ ၆၀၆ တပ်ရင်းသို့ ရိက္ခာပို့ပြီး ပြန်လာ သော အကြမ်းဖက်စစ်ကား ၇ စီးကို ထိုးဝါးချောင်းကျေးရွာ အနီး တယ်လီနောကုန်းအတက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ကျော်ကြာမြင့်ခဲ့ပြီး ည ၈ နာရီ ၁၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကား တစ်စီး တိမ်းမှောက်သွားကာ စစ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ တိမ်းမှောက်သွားသော စစ်ကားအတွင်းမှ MA 11 အမျိုးအစား သေနတ် ၃ လက် LM16 သေနတ် ၁ လက် ၊ AK 47 သေနတ် ၁ လက် ၊ K12 သေနတ် ၂ လက်နှင့် MA 11 ကျည်ဘောက် ၂ ခုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ကားလာဆွဲတာကတော့ ကျောက်လုံးကြီးစခန်းက စခတွေပါ၊ ထိုးဝါးချောင်းကျေးရွာမှာ ကျန်ခဲ့တဲ့ ကားကို လာဆွဲတာပါ၊ အင်အားက ခန့်မှန်း ၂၀၀ ဝန်းကျင်လောက်ရှိပါတယ်၊ အဲဒီလာဆွဲတဲ့ကား ကလည်းကျနော်တို့ပဲ တိုက်ခိုက်လိုက်တာပါ၊ အဲဒီမှာက လက်နက် ၇ လက်ရလိုက်တယ်၊ ကားလာ ဆွဲတဲ့စစ်ကြောင်းကိုတော့ ကျွန်ကုန်းရွာနားမှာ ထပ်ပြီးတိုက်ခိုက်လိုက်တာပါ။” ကမ်းနီ ကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့ (KenniTwilightZone) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း တိမ်းမှောက်ကျန်ခဲ့သော အကြမ်းဖက်စစ်ကားတစ်စီးကို ဇူလိုင်လ ၂၂ ရက် နေ့တွင် ကျောက်လုံးကြီးစခန်းမှ လာရောက်ဆွဲယူခဲ့သည့်အကြမ်းဖက် စစ်သားများကို ကျွန်းကုန်း ကျေးရွာတွင် မွန်းတည့် ၁၂ နာရီမှ ၁၂ နာရီ ၃၅ မိနစ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကာ စစ်ကားတစ်စီး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ တပ်ဖွဲ့များနှင့် KNLA တပ်ရင်း ၅ လက်အောက် ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ (Kenni Twilight Zone) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကျောက်လုံးကြီးစခန်းမှ စစ်ကူအင်အား အများအပြား ရောက်ရှိလာသဖြင့် ပြန်လည် ဆုတ် ခွာခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *