CDM News

0 0
Read Time:2 Minute, 40 Second

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးအပါအဝင် စစ်သား၊ ရဲ ၅၄ ဦး ပြည်သူ့ရင်ခွင်ထံ အလင်းဝင်

 

D Day News

ဩဂုတ်လ ၁

 

ဇူလိုင်လအတွင်း မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၂) ဦး၊ ဗိုလ် ကြီး (၅) ဦးအပါအဝင် တပ်သားနှင့်ရဲ (၅၄) ဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံအလင်းဝင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော် ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ ၊ ပကဖ များ သို့ ဆက်သွယ်ကာ စစ်ကောင်စီတပ်သား နှင့်ရဲ (၅၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ခဲ့ကြောင်း သိရ သည်။

Photo -ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းသို့ လက်နက်နှင့် တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသော တပ်သား (၁) ဦး

 

ထိုသို့ အလင်းဝင်ရောက်ခဲ့သူများတွင် အရာရှိအဆင့် ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၅) ဦးနှင့်ဗိုလ် (၁) ဦး အပါအဝင် တပ်သားနှင့်ရဲ (၅၄) ဦးဖြစ်ကြောင်း၊ အလင်းဝင်ရောက်ခဲ့သူများတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေး အစိုး ရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၂) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က စစ်မှုမထမ်း မနေရအမိန့်ကြေညာချက်ကြောင့် အတင်း အဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင် ခွင် ခိုလှုံကြရန် NUG ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *