ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာအနီးတွင် ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံး၊ ခဲယမ်းများ သိမ်း ဆည်းရရှိ
D Day News
ဇူလိုင်လ ၃၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာနှင့် ကိုရင့်ကျွန်းကြား၌ ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြို ပကဖမှ ထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ အကြမ်း ဖက်စစ်သားများနှင့် ရေကြိုမြို့နယ် ဟင်္သာကျေးရွာမှ ပျူစောထီးများ ပူးပေါင်းပြီး အင်အား ၆၀ ခန့် ဖြင့် ဟင်္သာပျူစောထီးကျေးရွာမှ ထွက်သော စစ်ကြောင်းကို ကိုရင့်ကျေးရွာနှင့် ကိုရင့်ကျွန်းကြား အရောက်အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာင့်ခဲ့ ကြောင်း သိရသည်။
“ပခုက္ကူတပ်မ ၁၀၁ ကနေ ဟင်္သာပျူရွာကို အရင်လာတာ၊ ပြီးမှ ဟင်္သာက ပျူတွေတွေနဲ့ပေါင်းပြီး စစ်ကြောင်း ဆက်ထွက်လာတာ။ တိုက်ပွဲကအတော်ကြာတယ်၊ ကြာတယ်ဆိုတာက သူတို့က တက် လာလိုက်ပစ်လိုက် နားလိုက်၊ တက်လာလိုက် ပစ်လိုက်နားလိုက်နဲ့ အဲလိုကြောင့် ကြာသွားတာ၊ တိုက်ပွဲဖြစ်ပြီးတော့ ရှေ့ဆက်တက်မလာတော့ ဟင်္သာရွာထဲ ပြန်ဝင်သွားတာ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ပျူစောထီး ၄ ဦးသေဆုံးကာ ၄ ဦးအ ပြင်း အထန်ဒဏ်ရာရရှိခဲ့ပြီး ရှေ့ဆက်တိုးနိုင်ခြင်းမရှိပဲ ဟင်္သာပျူစောထီးကျေးရွာအတွင်းသို့ ပြန် ဆုတ်သွားကြောင်း၊ တိုက်ပွဲဖြစ် ပွားရာနေရာအား နယ်မြေ ရှင်းလင်းစဉ် ကာဘိုင်ကျည် အတောင့် ၂၀၀ ၊ ကာဘိုင်ကျည်ဘောက် ၂ ဘောက်၊ ၄၀ မမဗုံးသီး ၁ လုံး G3 ကျည်ဘောက် ၁ ဘောက် ၊ Ak ကျည် ၂ ဘောက် နှင့် ၇.၆၂ မမ ကျည် အတောင့် ၂၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
D Day News